Posts

Showing posts from December, 2019

Hyperthreading Technology အကြောင်းသိကောင်းစရာ

Image
CPU ကို အလုပ်တစ်ခုထက်ပိုပြီး များစွာသော အလုပ်တွေကို တပြိုင်တည်းလုပ်ဆောင်နိုင်စေဖို့ ထုတ်လုပ်လိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။ Super-threading ကို အဆင့်မြင့်ပြီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ Hyperthreading နည်းပညာအရ Physical တွင် processor တစ်ခုသာရှိသော်လည်း Operation System က processor နှစ်ခုရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်ပါတယ်။ အဲလို ထင်ယောင်ထင်မှားဖြစ်တဲ့ virtual processor ကို အလုပ်လုပ်တဲ့အခါ မျှဝေသုံးစွဲနိုင်ပါတယ်။ Hyperthreading မတိုင်မီက Processor တွေမှာ Clock Speed ကိုသာ မြန်နိုင်သမျှမြန်အောင် ထုတ်လုပ်ကြတာပါ။ ပြီးတော့ Instruction တွေကို တစ်ပြိုင်နက်ပေးနိုင်အောင် ပြီးတော့ တပြိုင်နက်တွက်ချက်ပေးနိုင်အောင် ပြုလုပ်လာကြတယ်။ Instructions တွေကို တစ်ပြိုင်နက်တည်း တွက်ချက်နိုင်ဖို့အတွက် CPU ထဲမှာ တွက်ချက်တဲ့ Unit (Execution Unit) တွေ အများကြီးထည့်ထားရတာပေါ့။ အဲဒီလို Instruction တွေ တစ်ပြိုင်နက် အလုပ်လုပ်လို့ရတဲ့ နည်းပညာကို ILP(Instruction Level Parallism) လို့ ခေါ်ပါတယ်။ Clock Circle တစ်ခုစီတိုင်းမှာ ပုစ္ဆာအများကြီးကို ...

Dual Channel Architecture အကြောင်း

Image
ယနေ့ခေတ်မှာ CPU ရဲ့ Speed တွေ တိုးလာတာနှင့် အမျှ CPU နဲ့ အလုပ်တွဲလုပ်မယ့် Device တွေကလည်း CPU လောက်နီးပါးမြန်ဆန်ဖို့ လိုအပ်လာပါတယ်။ Dual Channel ကို Design ထုတ်ထားခြင်း၏ အဓိကရည်ရွယ်ချက်က Memory Controller ပဲ ဖြစ်ပါတယ်။ Memory Controller က CPU နဲ့ RAM ကြားမှာရှိတဲ့ Data စီးဆင်းမှုကို ချိန်ညှိပေးပါတယ်။ သူက Memory Module တစ်ခုစီကို ဘယ်လိုနှုန်း၊ ဘယ်လိုပုံစံနဲ့ အလုပ်လုပ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။ RAM က CPU ရဲ့ နှုန်းအတိုင်း လိုက်ပြီးအလုပ်မလုပ်နိုင်ပါဘူး။ ရိုးရိုး Single- Channel Architecture မှာ RAM ရဲ့ အလုပ်တွေ မပြီးသေးတဲ့အတွက် CPU က RAM ကို စောင့်နေရတာမျိုးတွေ ဖြစ်လာပါတယ်။ အဲဒီလို RAM ကို CPU က စောင့်နေရတာကို Bottleneck ဖြစ်တယ်လို့ ပြောကြပါတယ်။ ပုလင်းလည်ပင်းက သေးတော့ ပုလင်းကြီးက ဘယ်လောက်ပဲကြီးကြီး နည်းနည်းစီပဲ ဝင်နိုင်တာပေါ့။ CPU က ပုလင်းအကြီးကြီးနဲ့တူပြီး RAM ကတော့ ပုလင်းလည်ပင်းနဲ့ တူပါတယ်။ Dual Channel Architecture မှာ Memory ရဲ့ Bandwidth ကို နှစ်ဆရရှိတာကြောင့် Bottleneck ဖြစ်တာကို လျော့ကျစေပါတယ်။ Memory Channel တစ်ခုတည်းနဲ့ အလုပ်လုပ်ရာက နောက်တစ်ခုထပ် တို...