Network & ARP (Address Resolution Protocol)
ဟိုနေ့ကတင်ခဲ့တဲ့ quiz မှာ IPv4 မှာ network မိအောင် နောက်ကွယ်ကနေအဓိကလုပ်ဆောင်ပေးတဲ့ protocol သည် ARP (Address Resolution Protocol) ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ IPv4 သုံးနေသ၍ ARP ရဲ့အခန်းကဏ္ဍဟာအရေးပါပါတယ်။ ကျွန်တော်အရင်ရေးခဲ့တဲ့ပို့စ်တွေမှာပြောခဲ့သလိုပဲ Network က physical address or MAC address or layer 2 address ကိုသုံးပြီးအလုပ်လုပ်တယ်။ အခေါ်အဝေါ်ကွဲပေမယ့် တစ်ခုထဲပဲ။ ဒါဆို IP မသုံးဘူးလားလို့မေးစရာရှိတယ် သုံးတော့သုံးတယ် IP သည် main character မဟုတ်သေးဘူး သူ့အကြောင်းကအများကြီးပြောဖို့မလိုသေးဘူး Internetwork ကြမှပြောကြတာပေါ့ Network ရဲ့အသက်က MAC address လို့ပြောလို့ရတယ်။ အဲ MAC address ကိုသိရဖို့ ARP ကရှာပေးရတယ်။ ဒီအချိန်မှာတော့ကွဲကွဲပြားပြားသိမှာမဟုတ်သေးဘူး နောက်ပိုင်းတော့တဖြည်းဖြည်းနားလည်သွားမှာပါ။ ကျွန်တော့်ရေးခဲ့တဲ့ Basic Networking part-4 မှာ MAC address အကြောင်းကိုအသေးစိတ်ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာပြန်ထည့်ပေးပါမယ်။ ဖတ်တဲ့သူတွေကတော့ နားလည်ပြီးသားဖြစ်မှာပါ။ MAC ကိုလေ့လာမယ်ဆိုရင် အရင်ဆုံး numbering system ကိုလေ့လာရမယ်။ တခုနဲ့တခုဆက်စပ်နေလို့ အဆင့်ကျော်လို့မရပါ။ Numbering system မှာ (၄) မျ...