laptop battery အခြေအနေစစ်ဆေးခြင်း
မင်္ဂလာပါဗျ laptop battery အခြေအနေတွေကိုစစ်ဆေးလို့ရမယ့် နည်းလမ်းလေးကိုမျှဝေပေးချင်ပါတယ် ထုံးစံအတိုင်း cmd ကို right click > administrator အနေနဲ့ဖွင့်လိုက်ပါ။ ပြီးရင် အောက်က command လေးတွေရိုက်ထည့်ပေးပါ။ cd %userprofile%/Desktop အပေါ်က command က battery နဲ့ပတ်သက်တဲ့အခြေအနေတွေကို analysis လုပ်ထားတဲ့ report ကိုထုတ်ပေးဖို့ လမ်းကြောင်းရွေးပေးတာပါ။ ကိုကြိုက်တဲ့နေရာမှာသိမ်းလို့ရတယ် desktop ပေါ်မသိမ်းချင်ရင် cd %userprofile%/Document စသည်ဖြင့်ပေါ့ file extension က HTML နဲ့ပါ။ အဲဒါပြီးရင် powercfg -energy လို့ရိုက်ထည့်ပေးပါ တစ်မိနစ်လောက်ကြာရင် ကိုသိမ်းထားတဲ့နေရာမှာ web browser အနေနဲ့ဖွင့်ကြည့်လို့ရပါတယ်။ အဲမှာ Error, warning တွေပြပေးပါတယ်။ အဆင်ပြေစေ #Burmese_IT