Bit Locker အသုံးပြုနည်း

မင်္ဂလာပါဗျ အခုရှဲပေးချင်တဲ့ အကြောင်းလေးကတော့ windows vista ကနေစတင်ပြီးတော့ built in ပါဝင်တဲ့

Encryption feature တစ်ခုဖြစ်တဲ့ BitLocker အသုံးပြုနည်းလေးဖြစ်ပါတယ်။ bitlocker ကိုအသုံးပြုထားရင်

ကိုယ့်ရဲ့ HDD, Flash drive စတာတွေကို တခြားသူဝင်ရောက်အသုံးပြုလို့မရပါဘူး။ သဘောကတော့ password

သိမှသာသုံးလို့ရမှာပါ။ ကိုယ်သတ်မှတ်ပေးမယ့် drive or partition မှာရှိတဲ့ data အနည်းအများပေါ်မူတည်ပြီး

အချိန်ကြာပါလိမ့်မယ်။ ဘာဒေတာမှမရှိသေးဘူးဆိုရင်တော့ ခနလေးနဲ့ပြီးသွားမှာပါ။

ပုံလေးတွေတစ်ပုံချင်းကြည့်ပေးသွားပါ။



(1)


အရင်ဆုံး windows key ကိုနှိပ်ပြီး bitlocker လို့ရိုက်ထည့်လိုက်ပါ manage bitlocker ပေါ်လာရင် click လိုက်ပါ။



(2) ကိုယ်သတ်မှတ်ချင်တဲ့ drive ကို Turn on Bitlocker နှိပ်ပေးပါ


(3) Drive ကို unlock လုပ်မယ့် method ကိုရွေးပေးရမှာပါ။ ပထမ option ဖြစ်တဲ့ use a password to unlock the Drive ကိုပဲရွေးပေးပါ။



(4) ၂နေရာစလုံးတူညီတဲ့ password ကိုထည့်ပေးပြီး next နှိပ်ပါ



(5) ကိုယ်ပေးထားတဲ့ password မေ့သွားခဲ့ရင် recovery key ထည့်ပြီးဖွင့်လို့ရပါတယ်။ recovery key ကိုသိမ်းဖို့

Save to a file ကိုရွေးပေးပြီး next နှိပ်ပါ။




(6) option ၂ခုရှိတဲ့အနက် ကိုယ်ကြိုက်တာရွေးလို့ရပါတယ်။

partition တစ်ခုကိုပဲသတ်မှတ်ချင်ရင် အပေါ်က option ကိုရွေးပါ

Drive တစ်လုံးကိုလုပ်ချင်ရင် အောက်က option ကိုရွေးပါ။ 


(7) encryption mode မှာ windows version တိုင်းနဲ့အဆင်ပြေအောင် compatible mode ကိုရွေးပါတယ်။



(8) အဆင့်သင့်ဖြစ်ရင် start encrypting ကိုနှိပ်ပါ


(9) ဒီအဆင့်ပြီးရင် ကိုယ်ပေးထားတဲ့ password နဲ့ဝင်ရောက်အသုံးပြုလို့ရပါပြီ



အဆင်ပြေပါစေဗျာ

#Burmese_IT





Comments

Popular posts from this blog

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Basic Networking Part - 2

static route & dynamic route အားသားချက်အားနည်းချက်