Network & ARP (Address Resolution Protocol)
ဟိုနေ့ကတင်ခဲ့တဲ့ quiz မှာ IPv4 မှာ network မိအောင် နောက်ကွယ်ကနေအဓိကလုပ်ဆောင်ပေးတဲ့ protocol သည် ARP (Address Resolution Protocol)
ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ IPv4 သုံးနေသ၍ ARP ရဲ့အခန်းကဏ္ဍဟာအရေးပါပါတယ်။
ကျွန်တော်အရင်ရေးခဲ့တဲ့ပို့စ်တွေမှာပြောခဲ့သလိုပဲ Network က physical address or MAC address or layer 2 address ကိုသုံးပြီးအလုပ်လုပ်တယ်။ အခေါ်အဝေါ်ကွဲပေမယ့် တစ်ခုထဲပဲ။ ဒါဆို IP မသုံးဘူးလားလို့မေးစရာရှိတယ် သုံးတော့သုံးတယ် IP သည် main character မဟုတ်သေးဘူး သူ့အကြောင်းကအများကြီးပြောဖို့မလိုသေးဘူး Internetwork ကြမှပြောကြတာပေါ့
Network ရဲ့အသက်က MAC address လို့ပြောလို့ရတယ်။ အဲ MAC address ကိုသိရဖို့ ARP ကရှာပေးရတယ်။ ဒီအချိန်မှာတော့ကွဲကွဲပြားပြားသိမှာမဟုတ်သေးဘူး နောက်ပိုင်းတော့တဖြည်းဖြည်းနားလည်သွားမှာပါ။ ကျွန်တော့်ရေးခဲ့တဲ့ Basic Networking part-4 မှာ MAC address အကြောင်းကိုအသေးစိတ်ပြောပြခဲ့ပါတယ်။
ဒါပေမယ့် ဒီမှာပြန်ထည့်ပေးပါမယ်။ ဖတ်တဲ့သူတွေကတော့ နားလည်ပြီးသားဖြစ်မှာပါ။
MAC ကိုလေ့လာမယ်ဆိုရင် အရင်ဆုံး numbering system ကိုလေ့လာရမယ်။ တခုနဲ့တခုဆက်စပ်နေလို့ အဆင့်ကျော်လို့မရပါ။
Numbering system မှာ (၄) မျိုးရှိတယ်။ Octal ကတော့ network မှာသိပ်မသုံးလို့ထည့်မပြောတော့ဘူး။

- Binary ==> binary သည် base 2 ဖြစ်တယ် => 0,1
- Decimal ==> base 10 ==> 0,1,2,3,4,5,6,7,8,9
- Hexadecimal ==> base 16 ==> 0, 1, 2, 3, 4, 5, 6, 7, 8, 9, A, B, C, D, E, F
Computer နည်းပညာကိုလေ့လာတယ်ဆိုတာတွက်ချက်ခြင်းနည်းပညာကိုလေ့လာတာဖြစ်တယ်။ ဘာတွေကိုတွက်ချက်တာလဲဆိုရင် 0,1
တွေကိုတွက်ချက်တာဖြစ်တယ်။ computer သည် 0,1 နဲ့အလုပ်လုပ်တယ်။ တနည်းအားဖြင့် binary number လို့ခေါ်တယ်။ 0,1 ဆိုတာ electronic မှာဆိုရင် on,off (low voltage, high voltage), 0 ဆို off, 1 ဆို on. 0,1 ဆိုတာ သင်္ချာနည်းအရတွက်ချက်လို့ရတဲ့ တိကျတဲ့ကိန်းဂဏန်းတွေဖြစ်တယ်။ computer ရဲ့နောက်ကွယ်မှာ တကယ်အလုပ်လုပ်နေတဲ့ numbering က binary ဖြစ်ပါတယ်။ 0,1 ကလွဲလို့ကျန်တာဘာမှမသိဘူး ကျွန်တော်တို့လူသားတွေနားလည်အောင်သာ decimal နဲ့ပြန်ဖော်ြပထားတာဖြစ်တယ်။ binary နဲ့သာတိုက်ရိုက်ဖော်ပြထားမယ်ဆိုရင် လူတွေအနေနဲ့ဘယ်လိုမှဖတ်လို့ရမှာမဟုတ်ဘူးဗျ။ Decimal တစ်လုံးမှာ binary က 8 bit ရှိပါတယ်။ hexadecimal တစ်လုံးမှာ binary 4 bit ရှိပါတယ်။
Decimal Binary
0 0000 0000
1 0000 0001
2 0000 0010
3 0000 0011
4 0000 0100
5 0000 0101
6 0000 0110
7 0000 0111
8 0000 1000
All the way to
255 1111 1111
Hexadecimal Binary
0 0000
1 0001
2 0010
3 0011
4 0100
5 0101
6 0110
7 0111
8 1000
9 1001
A 1010
B 1011
C 1100
D 1101
E 1110
F 1111
ဒါကတော့အခြေခံအကျဆုံးပြောင်းနည်းဖြစ်ပါတယ်။ သူ့ဘာသူဘာပဲလာလာ နောက်ကွယ်မှာအကုန် binary ပြောင်းပစ်တာဗျ အဲအလုပ်ကို CPU ကလုပ်ပါတယ်။

MAC address သည် 48Bits ရှိပါတယ်။ hexadecimal 12 လုံးနဲ့ဖွဲ့စည်းထားတယ်။ တစ်လုံးမှာ binary 4bits ရှိပါတယ်။ 12x4=48bits ဖြစ်တယ်။
MAC Address Format
Microsoft => 00-00-00-00-00-01 (microsoft မှာပြတဲ့ format ပုံစံ)
Cisoc => 0000.0000.0001 (cisco မှာပြတဲ့ပုံစံ)
Linux => 00.00.00.00.00.01 (linux မှာပြတဲ့ပုံစံ)
ဘယ်လိုပုံစံပဲပြပြ အသေမှတ်ရမှာက MAC address သည် 48-bits ရှိတယ်။ hexadecimal format နဲ့လာတယ်။
သူအဓိကအလုပ်လုပ်တာ NIC (network interface card) တွေမှာဖြစ်ပါတယ်။ တစ်ခုသိရမှာက အသေမမှတ်ဖို့။ NIC သည် desktop, laptop မှာမှပါတာမဟုတ်ဘူးနော် network ချိတ်ဆက်လို့ရတဲ့ device တိုင်းမှာပါတယ်။ switch, router, Access point, IP camera, smart TV, smart phone etc..,
NIC မှာမှ cable နဲ့သုံးတဲ့ NIC ရယ် Wireless NIC ရယ်ရှိမယ်။ အဲဒီ NIC တွေတစ်ခုစီတိုင်းမှာ မတူညီတဲ့ MAC address တွေရှိကြတယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ Network Card တွေရဲ့ MAC တွေဟာတစ်ခုနဲ့တစ်ခု လုံးဝတူလို့မရပါဘူး။ Network Card တွေရဲ့ MAC တွေကို မတူအောင် ထိန်းချုပ်ပေးတဲ့
အဖွဲ့အစည်းက IANA (Internet Assign Number Authority) ဖြစ်ပါတယ်။ IP ကိုလဲအဲအဖွဲ့ပဲနော်။ MAC မှာ ၂ပိုင်းရှိတယ်။ ပထမ block 3 ခု(24bits)
သည် Organizational Unique Identifier (OUI) အပိုင်းဖြစ်တယ်။ လုံးဝပြောင်းလို့မရပါဘူး IANA ကပိုင်တာ ။

နောက်ပိုင်း block 3 ခု(24bits) သည် vendor assign (Manufacturer) ဖြစ်တယ် ဝယ်တဲ့ company ကပြောင်းလို့ရတယ်။ Network card ထုတ်တဲ့ Company တွေက OUI ကို IANA ကနေ သွားဝယ်ရပါတယ်။ vendor assign အတွက် block 3 ခုမှာ 24bits ရှိတဲ့အတွက် 224 ပမာဏထိ MAC Address
ရနိုင်ပါတယ်။ ဘယ် Network card မှာမှ မရှိတဲ့ Reserve (ဖယ်) ထားတဲ့ MAC Address က “FF-FF-FF-FF-FF-FF” ဖြစ်ပါတယ်။ သူ့ကို Broadcast MAC Address လို့ခေါ်ပါတယ်။ ဘယ် Network Card မှာမှ ပေးလို့မရပါဘူး။

MAC address မှာ ၃ မျိုးရှိပါတယ်။
Unicast MAC
Multicast MAC – 01-00-5E-00-00-00 to 01-00-5E-7F-FF-FF
Broadcast MAC – FF-FF-FF-FF-FF-FF (worldwide standard identified)
ပုံမှန်ကွန်ပြူတာတွေအချင်းချင်းအပြန်အလှန်ပို့ကြတာ Unicast MAC ဖြစ်ပါတယ်။ Multicast MAC ကို routing အတွက်သုံးပါတယ်။ Broadcast MAC ကိုအပေါ်မှာပြောခဲ့ပါတယ်။ MAC address အကြောင်းဒီလောက်ဆိုနားလည်မယ်လို့ထင်ပါတယ်။ windows computer မှာ MAC ကိုကြည့်ချင်ရင်
Command prompt မှာ getmac လို့ရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။ NIC အကြောင်းကိုထပ်ဆက်ရအောင်
NIC (Network Interface Card )
NIC ကို နောက်တစ်မျိုး Transceiver card လို့လဲခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Transmit ကော Receive ကောရလို့ ဖြစ်ပါတယ်။ Transmit ကော Receive ကောလုပ်နိုင်တဲ့ Card မှန်သမျှ Transceiver လို့ခေါ်ပါတယ်။ network ချိတ်ဆက်လို့ရတဲ့ device တိုင်းမှာပါတယ် NIC ပါတယ်လို့ပြောခဲ့တယ်နော် သို့သော်မတူညီတဲ့အချက်ကတော့ Interface type ပါ။ များသောအားဖြင့်သုံးနေတာကတော့ RJ-45 ပါ သူ့ကိုတော့ ကျွန်တော်တို့ user level မှာအသုံးများပါတယ်။
User တွေကို service ပြန်ပေးတဲ့ Core Switch, Core Router တွေမှာသုံးတာကတော့ SFP, SFP+, QSFP တွေသုံးကြပါတယ်။ သူတို့ကတော့ Bandwidth အရမ်း
ကောင်းပါတယ်။ သုံးတဲ့ နည်းပညာက Ethernet Technology ကိုအသုံးပြုပါတယ်။ အဲဒါကြောင့် NIC ကို Ethernet card လို့လဲခေါ်ပါတယ်။
Network Card တိုင်းမှာ MAC address ပါပါတယ်။ စက်ရုံကနေထုတ်ကတည်းက အသေရိုက်ထည့်ပေးလိုက်တာပါ။ network card တစ်ခုဆီရဲ့ MAC တွေဟာ တစ်ခုနဲ့တစ်ခုလုံးဝတူလို့မရပါဘူး။ တူရင်နက်ဝက်ချိတ်တဲ့အခါ မမိတော့ဘူး NIC သည် OSI 7 မှာကြည့်မယ်ဆိုရင် layer 2
မှာအလုပ်လုပ်ပါတယ်။ အဲ layer 2 မှာ ခေါ်တဲ့အခေါ်အဝေါ်ကတော့ Frame ဖြစ်ပါတယ်။ သူ့ layer အလိုက်သူ့အခေါ်အဝေါ်နဲ့သူရှိပါတယ်။
Layer 1 => Bit
Layer 2 => Frame
Layer 3 => Packet
Layer 4 => Segment
Network သမားတစ်ယောက်အနေနဲ့ ဒီ layer 4 ခုအကြောင်းကို ထုံးလိုမွှေရေလိုနှောက်သိထားရပါမယ်။ cable ရဲ့အမြင်မှာ 0,1 လို့ပဲမြင်တယ်။
Network card က 0,1 တွေကို bit အနေနဲ့ မမြင်ဘူး frame အနေနဲ့ပဲမြင်ပါတယ်။ IP ရဲ့အမြင်ကတော့ 0,1 လဲမဟုတ်ဘူး frame လဲမဟုတ်ဘူး Packet အနေနဲ့မြင်ပါတယ်။ Frame လို့ပြောလိုက်တာနဲ့ ဘာ frame လဲ ethernet frame ဖြစ်တယ် ether frame အကြောင်းကအဲမှာစပါပြီ။
Frame ဆိုတာ network card အချင်းချင်းမြင်တဲ့ ရှု့ထောင့်ဖြစ်တယ်။ frame type တွေကတော့အများကြီးရှိတယ်။ တဘက်နဲ့တဘက် Frame type
တူဖို့လိုတယ်။ frame type တူဖို့ကလဲ သုံးတဲ့ technology တူရမယ်။ Ethernet frame မှာဆိုရင် Destination MAC 0,1 (48) လုံးကို send လုပ်တဲ့ NIC ကပို့ရင် receive NIC က Destination MAC အဖြစ်နားလည်ပါတယ်။ Source MAC 48bits ကိုလဲ receive NIC ကနားလည်ပါတယ်။ Ethernet card to Ethernet card နားလည်ပါတယ်။ နားလည်အောင်လဲရေးထားတာကိုး

Ethernet frame မှာ Source MAC Address, Destination MAC Address ပါတယ်ဆိုတာ တွေ့ရမှာပါ။ Cable ပေါ်ရောက်သွားရင် cable ရဲ့အမြင်က 0,1 ဖြစ်ပါတယ်။ Wire ကြိုးအမြင်မှာတော့ အကုန်လုံးက 0,1 ကြီးပါပဲ။ မပြောင်းလဲတာကတော့ Packet ပါ။ Packet ကို အုပ်ထားတာ အမြဲထုပ်ပိုးထားတာကတော့ frame ဖြစ်ပါတယ်။
Ethernet frame လို့ခေါ်ရတာက ethernet technology ကိုသုံးထားလို့ဖြစ်ပါတယ်။ နက်ဝက်မှာ တခြား frame type တွေလဲအများကြီးရှိတယ်ဗျ ဒါပေမယ့် အဓိက focus လုပ်ရမှာက ethernet frame ကိုပဲ ဘာလို့လဲဆိုရင် တစ်ကမ္ဘာလုံးသုံးတာလည်း ethernet technolgy ပဲ develop လည်းအရမ်း ဖြစ်သွားပြီ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကသုံးလာတာ ခုဆို bandwidth ကပိုပိုများလာတယ်။ ယနေ့ခေတ်သုံးနေတာလဲ ethernet ပဲ။ ဘယ်ကစလဲဆိုတော့ bus topology မှာပြောခဲ့တဲ့ 10Mbps ကစတာပဲ Ethernet technology သုံးတဲ့ interface type တွေက è RJ-45, SFP, SFP+, QSFP+ (ဒီ interface တွေအကုန်လုံးသည် ethernet technology ကိုအသုံးကြတယ် အရင်ခေတ်ကဆို BNC interface တွေသုံးတယ်) interface ဆိုတာ device တွေပေါ်မူတည်ပြီးကွဲသွားတာ
Ethernet bandwidth
Ethernet – 10Mbps (BNC)
Fastethernet – 100Mbps (RJ – 45)
Gigabitethernet – 1000Mbps (RJ 45 – 100meters, SFP – over 100meters)
Tengigabitethernet – 10Gbps (RJ-45, SFP+)
Fortygigabitethernet – 40Gbps (QSFP+)
SFP ဆိုတာ small form factor pluggable လို့ခေါ်ပါတယ်။ fiber cable အတွက်သုံးတာပါ
network card တွေကိုလဲ bandwidth တွေပေါ်မူတည်ပြီးတော့
Ethernet card – 10Mbps
Fastethernet card – 100Mbps
Gigabitethernet card – 1Gbps
10Gigabitethernet card – 10Gbps လို့ခေါ်လို့ရပါတယ်။ ဒီလိုခေါ်တာက တကယ် technical ကျပါတယ်။
Ethernet frame ကိုရှင်းပါမယ်။
Ethernet Frame Format
Destination MAC – 80 00 20 7A 3F 3E = 6 bytes = 48bits
Source MAC – 80 00 20 20 3A Ae = 6 bytes = 48bits
Ether type – 08 00 = 2 bytes = 16bits
Payload – 46- 1500 bytes = 12000bits
CRC Checksum – 00 20 20 3A = 4 bytes = 32bits
ဒါဟာ Frame ထဲမှာပါတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ကွန်ပြူတာတွေ တစ်လုံးနဲ့တစ်လုံးဒေတာပို့တယ်ဆိုတာ
အဲအချက်အလက်တွေကိုပို့လိုက်တာ အကုန်လုံး 0,1 တွေအဖြစ် (တကယ်တော့ electric signal တွေ) cable ပေါ်ကနေ ဂေါ်လီလုံးလိမ့်သလို
ပို့လွှတ်ပလိုက်တာ မပို့ခင်မှာ bits(digital signal ) တွေကို analog signal အဖြစ် encoded လုပ်တယ် လက်ခံတဲ့ဘက်က decoded ပြန်လုပ်တယ်
0,1 တွေပြောင်းတယ်။ Physical medium ပေါ်မူတည်ပြီး copper wire ဆိုရင် electrical pulses, Wireless ဆိုရင် Radio signals, Fiber optic cable ဆိုရင် light of pulses အဖြစ်ပြောင်းပစ်တာ။ network card ကနေထွက်လာတဲ့ frame ကိုပြောင်းပစ်တာနော် ဒီ process တွေဟာဘယ်တော့မှမပြောင်းလဲဘူးဗျ အသေမှတ်ထားရမယ့်အချက်တွေဖြစ်တယ်။
Destination MAC - ဆိုတာကိုယ်သွားမယ့် computer ရဲ့ MAC ဖြစ်တယ်။
Source MAC - သည် မိမိကွန်ပြူတာရဲ့ MAC ဖြစ်တယ်။
Ether type - Ethernet frame ကိုပြန်ကြည့်မယ်ဆိုရင် ဒေတာအပြန်အလှန်ပို့ကြမယ်ဆိုရင် ပထမ MAC 48bits နဲ့ ဒုတိယ MAC 48bits ကို network card တွေရဲ့အမြင်မှာသိပြီးဖြစ်တယ်။ 16bits ဖြစ်တဲ့ ether type ကျတော့ အပြောင်းအလဲရှိပါတယ်။ frame ထဲမှာဘာ packet
အမျိုးအစားသယ်လာတယ်ဆိုတာခွဲခြားပေးတယ်။ ဒီဘက် network card ကပို့တာ arp ကပို့တာလား ip ကပို့တာလား ?? တစ်ဘက်ကိုရောက်လာပြီ Packet သည် ip အတွက်လား arp အတွက်လားဆိုတာ ခွဲခြားဖို့ code တွေနဲ့ဖော်ပြပါတယ်။ ARP အတွက်ဆိုရင်အထဲမှာပါတဲ့ packet သည် arp packet ဖြစ်တယ်။ arp request frame သည် arp cache ထဲမှာ mapping လုပ်ထားတဲ့ MAC and IP list ရှိရှိမရှိ အရင်ကြည့်ပြီးမှ မရှိရင်ပို့ပါတယ်။ arp အကြောင်းလဲပြောရအုံးမယ်။
Ethertype မှာပါတဲ့ protocol ကို code တွေနဲ့ဖော်ပြပါတယ်။ ပုံသေနံပါတ်တွေဖြစ်တယ် ။ ဒါတွေကို wiresharp software နဲ့ capture ဖမ်းကြည့်မှ detail မြင်မှာပါ။
08 00 = ipv4 packet
08 06 = arp packet
86DD = ipv6 packet

Destination MAC, Source MAC, Ethertype ရယ်ကို MAC header လို့ခေါ်ပါတယ်။ data field ကိုတော့ကျွန်တော်မပြောသေးပါဘူး internetwork ကြမှပြောပါ့မယ်။ CRC checksum သည် frame ကောင်းမကောင်းစစ်ဖို့ထည့်လိုက်တဲ့ တန်ဖိုးတခုဖြစ်တယ်။ frame ပေါ်မှာတွက်ပြီး code တခုထုတ်တယ်။ အဲဒီ checksum လေးသည် ဒီ frame ကြီးတခုလုံးပေါ်မှာတွက်လို့ရလာတဲ့တန်ဖိုးဖြစ်တယ်။
အမြဲတမ်းပို့တဲ့သူဘက်ကအဲကုတ်ကိုထုတ်ပြီးပို့လိုက်တယ် လက်ခံတဲ့သူဘက်ကလဲ အဲ frame ကိုပြန်တွက်တယ်။ တွက်တဲ့အခါပါလာတဲ့ကုတ်နဲ့ match ဖြစ်နေမှအဲ frame ကောင်းတယ်လို့လက်ခံတယ်။ match မဖြစ်ရင် frame မကောင်းဘူးလို့သတ်မှတ်ပြီး ဖျက်ချလိုက်ပါတယ်။
တကယ်တမ်း Ethernet frame မှာ preamble ဆိုတာပါပါသေးတယ် bit synchronize လုပ်တဲ့ header လေးပါ ပုံမှာကြည့်ပါ။

Ethernet technology မှာသုံးတဲ့ CSMA/CD (carrier sense multiple access/ collision detection) အကြောင်းကို basic networking part 1-6 မှာရေးခဲ့ပြီးသားမို့လို့ ဒီမှာပြန်မထည့်တော့ပါဘူး။ စာတွေအရမ်းရှည်နေမှာဆိုးလို့ပါ။ numbering system, MAC, Ethernet frame အကြောင်းတွေကိုပြန်ပြီး intro
ဝင်ပေးပြီးပြီဆိုတော့ Network အကြောင်းကိုသွားရအောင်…။
Network ချိတ်ပြီဆိုရင် TCP/IP protocol ကိုသုံးတယ်။TCP/IP လို့ပြောတာထက် TCP, UDP and IP ဆိုပိုမှန်ပါတယ်။ network မိဖို့အတွက်ကတော့ IP Protocol ကိုသုံးပါတယ်။
TCP – Transmission Control Protocol
IP – Internet Protocol
UDP – User Datagram Protocol
TCP/IP Utilities တွေက
TCP, UDP AND IP Utilities ==> ping, ipconfig, arp, netstat, telnet, nslookup, tracert တို့ဖြစ်တယ်။network နဲ့ပတ်သက်ပြီး troubleshoot လုပ်တဲ့
Tool တွေလို့လဲမှတ်လို့ရပါတယ်။
Ping – Packet Internetwork Groper
Ipconfig – Internet Protocol Configuration
ARP – Address Resolution Protocol
Netstat – Network Statistics
Telnet – Terminal Network
Nslookup - Name Server Lookup
Tracert – Traceroute
အဲ utility တွေထဲကမှ network မှာအဓိကပြောချင်တာက ARP အကြောင်းပါ။ သူ့ကိုအဓိက focus လုပ်မယ်။ ကျန်တာတွေလဲနောက်ပိုင်းပြောမှာပါ အခုပြောမယ့်
အကြောင်းအရာမှာတော့ ARP ကအရေးကြီးလို့ပါ။
ကဲ… အဲတော့ network ချိတ်မယ်။ Network Device သည် switch ဖြစ်တယ်။ layer 2 device လို့လဲခေါ်တယ်။ switch ရဲ့ သင်္ကေတကတော့ အောက်ပါပုံအတိုင်း
ဖြစ်ပါတယ်။ အပြင်မှာတော့ဘယ်လိုပုံလဲဆိုတာ မြင်ဖူးပြီးသားမဟုတ်လား


Switch မှာ -
- ethernet switch
- fast-ethernet switch
- gigabit-ethernet switch
- tengigabit-ethernet switch (All SFP+ port)
- fortygigabit-ethernet switch
Ethernet ဆိုတဲ့စကားလုံးဟာ တောက်လျှောက်ပါလာတယ်။ switch သည် Ethernet technology ကိုသုံးတဲ့အတွက် အဲလိုပါလာတာပဲဖြစ်တယ်။ ethernet frame ကိုသယ်ဆောင်ပေးတာကတော့ network medium တွေပေါ့။ UTP cable သို့မဟုတ် fiber လဲဖြစ်ချင်ဖြစ်မယ်။ medium ပေါ်မူတည်ပြီး interface တွေကလဲ RJ-45 or SFP တွေဖြစ်ချင်ဖြစ်မယ်။ switch ရဲ့ interface တွေဘယ်လိုပင်ပြောင်းပြောင်း Switch တိုင်းသည် ethernet frame ကိုနားလည်ကြပါတယ်။ တခြား frame တော့နားလည်မှာမဟုတ်ဘူးနော်။ ethernet frame အကြောင်းကတော့ ရှင်းပြီးသားပါနော်။ network အကြောင်းကိုရှင်းရှင်းလင်းလင်းသိဖို့က switch အကြောင်းကိုအရင်သိမှဖြစ်မယ်။ network မှာသုံးတဲ့ device သည် switch လို့ပြောခဲ့ပါတယ်။
Switch
Switch အကြောင်းကိုပြောမယ်ဆိုတော့ သမိုင်းကြောင်းလေးနည်းနည်းပြန်လှန်မှရမယ်။ switch ကိုတကယ်အသုံးပြုတာက star topology ကျမှသုံးတာ
Star topology ကတော့ central device အနေနဲ့ switch ကိုသုံးတယ်ဗျ swtich ကအဓိကပဲ။ ဘာလို့လဲဆိုတော့ computer တိုင်း သည် သူ့ဆီလာရောက်ချိတ်ဆက်ရတယ်။ တခြား network device တွေသုံးရင်လဲ switch ကိုပဲလာချိတ်ရတာပဲ။ Wireless access point ,NAS, Network Printer စသည်ဖြင့်ပေါ့။ switch ကဘာနဲ့တူလဲဆိုတော့ မြို့နယ်တိုင်းကဆက်သွယ်ထားတဲ့ တံတားနဲ့တူတယ်။ အားလုံးသည် တံတားပေါ်ကနေ ဖြတ်သန်းသွားလာရတယ် အဲတံတားကျိုးသွားရင် အကုန်တိုင်ပတ်ပြီပေါ့။ ဒါကြောင့် switch ကို multiport bridge လို့လဲခေါ်ကြပါတယ် switch ရဲ့ အားနည်းချက်တစ်ခုကတော့ အကုန်လုံးက သူ့ဆီဆက်သွယ်ထားတယ် သူ down သွားရင်ဆက်သွယ်မှုတွေအကုန်ပြတ်တောက်ပြီ။ သို့သော် switch ပျက်တယ်ဆိုတာ ဖြစ်ခဲပါတယ်။ switch မပေါ်ခင်မှာဘာတွေသုံးခဲ့လဲဆိုရင် Repeater, Multiport Repeater (Hub), တွေသုံးခဲ့ကြတယ်။ ဒီနေ့ခေတ်မှာ repeater တွေ, hub တွေဟာမသုံးကြတော့ပါဘူး ဝယ်လို့လဲမရတော့ဘူး။ repeater တွေကို BUS topology မှာစသုံးခဲ့တယ်။ ဘယ်အချိန်မှာသုံးလဲဆိုရင် backbone cable (coaxial cable) က thinnet သုံးမယ်
ဆိုရင် 185m, thicknet သုံးမယ်ဆိုရင် 500m ရတယ်။ meter 500 ထက်ကျော်ပြီးချိတ်တဲ့အခါ repeater ခံသုံးရတယ်။ repeater ရဲ့
အလုပ်ကတော့ range ကိုချဲ့ပေးရပါတယ်။ ယနေ့ခေတ်မှာဆိုရင်လဲ wireless access point တွေမှာ repeater mode ဆိုတာပါတယ်။ Repeater သည် data signal ကိုမူလအတိုင်း regenerate လုပ်ပေးပါတယ်။ repeater ပြီးတော့ hub ထပ်ပေါ်လာတယ်။ hub မှာလဲအလုပ်လုပ်ပုံကမပြောင်းလဲသေးဘူး hub သည် physical အရကြိုးချိတ်ထားပုံက star topology ဖြစ်ပေမယ့် logical ကတော့ bus အတိုင်းအလုပ်လုပ်ပါတယ်။ one channel ကို share သုံးပြီး half duplex ပဲဖြစ်တယ်။ hub သည် no intelligent device ဖြစ်ပါတယ်။ ဉာဏ်မရှိတဲ့ကောင်ပေါ့။ hub ရဲ့ port တစ် port ဆီသည် repeater function ပါပါတယ်။ frame ကိုနားမလည်ပါဘူး layer 1 device ဖြစ်တယ်။ 0,1 signal ကိုပဲသိပါတယ်။ ဝင်လာတဲ့ interface ကို regenerate လုပ်ပြီး ကျန် interface အားလုံးကိုပို့တာသူ့ရဲ့အလုပ်ပါ။ repeater တို့ Hub တို့သည် frame တစ်ခုကိုပို့လိုက်တိုင်းမှာ signal သည် အမြဲတမ်းအကုန်လုံးဆီကိုရောက်ပါတယ်။ အဲဒါကြောင့် network တွေ များများချိတ်လေ collision domain ကလဲကြီးလာလေပဲဖြစ်တယ် collision domain ဆိုတာ collision ဖြစ်နိုင်တဲ့နေရာကိုပြောတာ
Broadcast domain ဆိုတာ arp request frame ရောက်နိုင်တဲ့နေရာကိုပြောတာ။ ပြီးတော့ hub မှာရှိတဲ့ port တိုင်းသည် collision domain Broadcast domain တစ်ခုအောက်မှာပဲရှိပါတယ်။

Collision ဖြစ်တော့ delay တွေများလာတဲ့ ပြဿနာကကြီးလာပါတယ်။ ဒီဟာဖြေရှင်းဖို့ bridge ထပ်ပေါ်လာပါတယ်။ bridge မှာ Cpu, ram, rom, flash (os) တွေပါလာပါပြီ။ bridge သည် intelligence device ဖြစ်တယ်။ bridge သည် frame ကို forward လုပ်တယ်။ လုပ်တဲ့အခါ bridge table or MAC address table ကိုသုံးပြီးလုပ်ပါတယ်။ listening,learning,forwarding ဆိုတဲ့အလုပ် ၃ခု ကိုလုပ်တယ် Bridge သည်ဝင်လာတဲ့ signal ကို frame လို့မြင်ပါတယ် layer 2 device ဖြစ်တယ် collision domain တစ်ခုထဲဖြစ်နေတာကို bridge ခံပြီးပိုင်းလို့ရပါတယ်။

Bridge ပြီးတဲ့နောက် ယနေ့ခေတ်သုံးနေတဲ့ switch (multiport bridge) ပေါ်လာပါတယ်။ switch မှာပါတဲ့ port တစ် port ချင်းဆီက
တော့ collision domain တစ်ခုပဲဖြစ်တယ်။ duplex method ကလဲ full duplex ဖြစ်သွားပါပြီ။ but broadcast domain တစ်ခုထဲအောက်မှာရှိနေဆဲ Broadcast ဆိုတာ network သမားတွေအကြောက်ဆုံးအရာပဲဗျ။ သူကသေးလေကောင်းလေပဲ ကြီးလေပြဿနာများလေပဲ။ broadcast domain ကြီးလာရင် arp req frame ပိုပို့ရတဲ့အတွက် delay time လဲရှိသလို bandwidth usage လဲတက်ပါမယ်။ physical အရ broadcast domain ကိုပိုင်းနိုင်တာ device အနေနဲ့ router ပဲရှိပါတယ်။ broadcast domain ပိုင်းလိုက်တာနဲ့ different Network တွေဖြစ်သွားပါပြီ။ manage switch တွေသုံးမယ်ဆိုရင်တော့ VLAN ကိုအသုံးပြုပြီး broadcast domain size ကိုလျှော့ချလို့ရပါတယ်။

Switch ကဘယ်လိုအလုပ်လုပ်သလဲ??

Switch သည် MAC address table နဲ့အလုပ်လုပ်တဲ့ device ဖြစ်ပါတယ်။ အဲ MAC address table ကို switch ရဲ့ RAM
ပေါ်မှာတည်ဆောက်ထားပါတယ်။ CAM (content addressable memory) table လို့လဲခေါ်ကြပါတယ်။ switch ရဲ့အလုပ်က ဝင်လာတဲ့ ethernet frame မှာပါတဲ့ Source MAC ကိုသူ့ရဲ့ MAC table မှာမှတ်တယ်။ ဘယ်လိုမှတ်လဲဆိုရင် port ID 1 ကနေ frame ဝင်လာတယ်ဆိုရင် port ID 1 နဲ့ ဝင်လာတဲ့ PC ရဲ့ SMAC ကို MAC address table ထဲမှာတွဲမှတ်လိုက်တယ် ပြီးတော့ destination MAC ကိုကြည့်ပြီး ethernet frame ကို forward လုပ်ပါတယ်။ အဲလို forward လုပ်တဲ့အခါ destination IP ကတော့သိတယ်လေ ကျနော်တို့လူတိုင်ထည့်ပေးလိုက်တာ ဥပမာ ping 192.168.0.1ဆိုပြီးတော့။ Destination MAC ကြတော့မသိဘူး အခုမှစသွားမှာလေ အဲလိုမသိတဲ့အခါကြရင် ARP protocol ကိုသုံးပြီး ကိုယ်သွားမယ့် IP ရဲ့ MAC ကိုသိအောင်လုပ်ပေးပါတယ်။
ကွဲကွဲပြားပြားသိဖို့က frame နဲ့ packet နဲ့နော် switch တွေသည် frame ကိုပဲ forward လုပ်တယ် packet ကိုလုပ်တာမဟုတ်ဘူး။ switch သည် RISC (Reduce Instruction Set Computer) အမျိုးအစားတစ်ခုပါပဲ။ သူ့မှာ Operating System ပါပါတယ်။ OS ပါတဲ့အတွက် သေချာပေါက် CPU, RAM, Flash တွေပါပါတယ်။
switch ရဲ့ Main job ၃ခုရှိပါတယ်။ switch မှာ port တစ် port ချင်းဆီတိုင်းသည်
Listening - incoming frame (switch ရဲ့ port ဆီကိုဝင်လာတဲ့ frame ကို checking လုပ်တယ်ပေါ့)
Learning - ဆိုတာ MAC address ကို record လုပ်တာ ဝင်လာတဲ့ frame မှာပါတဲ့ source-MAC (ဒုတိယမြောက် 48bits) ကို MAC address table မှာမှတ်လိုက်တယ်
Forwarding - ဝင်လာတဲ့ frame က Dest-MAC (ပထမ 48bits) ကိုကြည့်ပြီး frame ကို ပို့ဆောင်တယ်
destination IP ကိုသိပေမယ့် DMAC ကိုမသိတဲ့အခါ ARP request and reply လုပ်ပါတယ်။ ARP အကြောင်းစပါြပီ။
ARP (Address Resolution Protocol)
ARP သည် TCP/IP သုံးစွဲတဲ့ မည်သည့် device မှာမဆိုပါဝင်ပါတယ်။ သို့သော် IPv4 မှာပဲဖြစ်ပါတယ်။ IPv6 မှာမသုံးတော့ပါဘူး။ ARP ရဲ့နေရာကို NDP (Neighbour Discovery Protocol) နဲ့အစားထိုးလိုက်ပါတယ်။ ARP ဟာ နက်ဝက်မိအောင် နောက်ကွယ်ကနေပံ့ပိုးပေးတဲ့ protocol ဖြစ်ပါတယ်။ OS ထဲမှာ install လုပ်ထားတာပါ။ arp protocol မပါရင်လုံး၀ network မမိပါ။ ဘာကြောင့်လဲဆိုတော့ OSI layer 7 အရ အပေါ်ဆုံး layer ဖြစ်တဲ့ application layer ကနေ အဆင့်အဆင့်ထုပ်ပိုး( encapsulation) လာတဲ့ data သည် transport layer ရောက်မှစပို့တာပါ။ မပို့ခင်မှာ lower layer (3) ခုဖြစ်တဲ့ network, datalink, physical layer တို့သည် ကြိုတင်ပြင်ဆင်ထားရမယ့် layer (3)ခုဖြစ်ပါတယ်။ physical မှာ cable တွေချိတ်ဆက်ထားရမယ် သို့မဟုတ် wireless, datalink မှာ NIC တွေတပ်ဆင်ထားရမယ် frame type တွေတူညီနေရမယ်။ network မှာ IP တွေပေးထားရမယ် protocol type တွေတူညီရမယ် နက်ဝက်ချိတ်ဆက်ထားရမယ်။
ပြောချင်တာက ARP လေးဟာ အဲလိုတဘက်နဲ့တဘက်အပြန်အလှန်ချိတ်ဆက်တဲ့အခါ နက်ဝက်မိအောက်ဘယ်လိုလုပ်ဆောင်သလဲဆိုတော့ တဘက်ကွန်ပျူတာ သို့မဟုတ် နက်ဝက် device တခုခုပေါ့ဗျာ အဲဒီ device မှာရှိတဲ့ network card ရဲ့ MAC address ကိုသိအောင်လုပ်ပေးပါတယ်။
destination IP ကိုသိပေမယ့် DMAC ကိုမသိတဲ့အခါတိုင်းမှာ ARP request frame ပို့ဆောင်ရပါတယ်။
ဒီနေရာမှာ ကျနော် destination IP ရဲ့ MAC လို့ပြောလိုက်လဲရပါတယ်။ နားမလည်မှာစိုးလို့ ရှည်ရှည်ဝေးဝေးတွေရှင်းပြတာပါ။ destination IP’s MAC ကိုဘယ်လိုသိအောင်လုပ်လဲဆိုတာ ဆက်လက်ကြည့်ပေးပါ။
ARP working process
1. Mapping IP and MAC
mapping လုပ်တယ်ဆိုတာ network device or PC မှာ IP ပေးလိုက်ရင် နောက်ကွယ်မှာ MAC နဲ့ IP ကို ARP က auto တွဲပေးတယ်။ ကျနော်တို့လုပ်စရာမလိုပါ
2. ARP Request frame or ARP Request packet ကိုပို့ဆောင်ရပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း destination IP ကိုသိပေမယ့် DMAC ကိုမသိတဲ့အခါတိုင်းမှာ ARP request frame or packet ပို့ဆောင်ရပါတယ်။
3. ARP Reply frame or packet ကိုပြန်ပို့ပါတယ်။ အဲဒီထဲမှာခုနက DMAC ပါလာပါတယ်။
4. ARP Cache (store DMAC and DIP list) ရရှိလာတဲ့ DMAC and DIP list ကိုကြားခံ memory အနေနဲ့သိမ်းပါတယ်။
ဒါဟာ network မိဖို့ ARP protocol လုပ်ဆောင်တဲ့အချက် (၄)ချက်ပါ အသေးစိတ်ကိုဆက်လက်ကြည့်ပေးပါ။
ARP Packet Format ကိုလေ့လာကြည့်ကြမယ်

Hardware type – 16bit သည် ethernet ? PPP ? 3G ? network card အမျိုးအစားကိုခွဲခြားပေးတယ် 16bit ဆိုတော့အများကြီးပဲ ပေးထားတဲ့လင့်မှာလေ့လာနိုင်ပါတယ်။ https://www.iana.org/assignments/arp-parameters/arp-parameters.xhtml#arp-parameters-2
Protocol type - က IP ? ARP ? ခွဲခြားပေးတယ်
Sender hardware address - ပို့တဲ့ဘက်က MAC address 48bits ဖြစ်ပါတယ်
Sender protocol address - ပို့တဲ့ဘက်က IP address 32bits ဖြစ်ပါတယ်
Hardware address length - Ethernet MAC address length က 6Bytes ဖြစ်ပါတယ်
Protocol address length - ဆိုတာ logical address (IP) ကိုပြောတာပါ။ 4Bytes ဖြစ်ပါတယ်
Operation code – arp frame type ကိုခွဲခြားပေးတယ် request ဆိုရင် 1, reply ဆို 2
Target hardware address - ကိုမသိလို့ arp request frame ပို့တာဖြစ်တယ်။ မသိတော့ဘာနဲ့လာလဲဆိုတော့ 00-00-00-00-00-00 နဲ့လာတယ်။
Target protocol address - ကိုယ်တိုင်ထည့်ပေးရမယ့် destination ip 32bits ဖြစ်ပါတယ်။
လက်တွေ့လေ့လာကြည့်မယ် ပုံလေးကိုကြည့်လိုက်ပါ

အလယ်မှာ switch တစ်လုံးခံပြီး PC (၄) လုံး နက်ဝက်ချိတ်ထားတယ် IP တွေလဲပေးထားသလို MAC address တွေလဲရှိပြီးသား
PC1
MAC address – 0A ( ဒါ ဥပမာနော် တကယ်တမ်းက 0A-01-9C-2E-80-7H ဒီပုံစံမျိုး)
IP – 192.168.0.1 (IP ပေးလိုက်တာနဲ့ ARP က MAC နဲ့ Mapping လုပ်ပေးလိုက်တယ်)
ကျန်တဲ့ UPD, TCP တွေပါပြီးသားနော် ထည့်မပြောတော့ဘူး
PC2
MAC – 0B
IP – 192.168.0.2
PC3
MAC – 0C
IP – 192.168.0.3
PC4
MAC – 0D
IP – 192.168.0.4
PC1 ကနေ PC3 ကို လှမ်း ping လိုက်တယ်ဆိုပါစို့။ ping တယ်ဆိုတာ ICMP service ကို request လုပ်တာဖြစ်တယ်။ လိုရင်းမရောက်မှာစိုးလို့ ICMP အကြောင်းကိုနောက်မှပြောတော့မယ် လောလောဆယ် ဒီတိုင်းပဲမှတ်ပေးထားအုန်း။ ping လိုက်တဲ့အခါမှာ တကယ်သွားမယ့် frame ပုံစံက အောက်ကဇယားလိုပါ။

DMAC ကို computer ကမသိပါဘူး SMAC က PC1 ရဲ့ MAC ပါ ethertype အကြောင်းကို ethernet frame အကြောင်းရှင်းတုန်းကပြောခဲ့လို့သိပြီးသားလို့ယူဆပါတယ်။ DIP (192.168.0.3) ကကိုယ်တိုင်ထည့်ပေးရလို့သိပါတယ် SIP က PC1 ရဲ့ IP ပါ နောက်တစ်ခုက ICMP request message ဖြစ်တယ် DMAC ကနေ ethertype အထိသည် MAC header ဖြစ်ပါတယ် နောက်ဆုံးတစ်ခုက ပို့ဆောင်ရမယ့် payload တနည်းအားဖြင့်ဒေတာပေါ့ တစ်ခုလုံးကတော့ ethernet frame ပေါ့ အဲဒီ frame တစ်ခုလုံးကို
ပို့ဖို့ DMAC မသိလို့ပို့လို့မရသေးပါဘူး။ အဲအချိန်မှာ ARP request frame ကိုပို့ပြီး DIP ရဲ့ DMAC ကိုရှာပေးရပါတယ် တနည်းအားဖြင့် 192.168.0.3 ရဲ့ MAC , မရှာခင်မှာ ARP သည် cache ထဲမှာ 192.168.0.3 IP ရဲ့ MAC ကိုရှိမရှိအရင်ကြည့်ပါတယ်။ မရှိဘူးဆိုမှ request frame ကိုပို့ပါတယ် အောက်ကပုံအတိုင်းပါပဲ
ARP request frame

DMAC နေရာမှာ broadcast MAC ကိုသုံးပါတယ်။ All FF သည် broadcast MAC အဖြစ်သုံးဖို့ သက်သက်ဖယ်ချန်ထားပြီးသားပါ။ ဆက်သွားကြစို့ ARP request
Frame ကိုပို့လိုက်ပြီဆိုတော့ အရင်ဆုံး switch ဆီရောက်လာပါတယ် switch ရဲ့ function တွေပြောပြီးသားနော် အပေါ်ကပုံလေးကိုပြန်ခေါ်လိုက်ပါမယ်

Switch သည် ဝင်လာတဲ့ frame မှာပါတဲ့ SMAC (0A) ကို သူ့ရဲ့ လက်ခံတဲ့ port ID number (1) နဲ့အတူ MAC address table မှာတွဲမှတ်လိုက်ပါတယ်။ ဘာလို့မှတ်လဲဆိုတော့ switch ကိုပထမဆုံး power စဖွင့်တဲ့အချိန်မှာသူရဲ့ table ထဲမှာဘာမှမရှိသေးပါဘူး။ ရှိပြီးသားဆိုရင်တော့ မှတ်စရာမလိုဘူးပေါ့။ ဇယားမှာကြည့်ပါ။

မှတ်ပြီးသွားပြီဆိုတော့ frame ကို forward လုပ်တော့မယ်။ forward လုပ်တဲ့အခါ DMAC ကိုကြည့်ပြီးလုပ်ပါတယ်။ DMAC ကိုကြည့်တော့ ALL FF,
ALL FF ဆိုတာနဲ့ broadcast MAC မှန်းအော်တိုသိပြီးသား အဲတော့ ဝင်လာတဲ့ port မှလွဲ၍ကျန်တဲ့ port တွေအကုန်လုံးကို forward လုပ်လိုက်ပါတယ်။
ဒီပုံအရဆိုရင် port 1 ကလွဲပြီး ကျန်တဲ့ 2,3,4 ဆီအကုန်ရောက်တယ် port 100 ရှိရင် ၁၀၀လုံးဆီအကုန်ရောက်တယ်။ broadcast ဖြစ်လို့ one to all communication ပါ။ သဘောကတော့ နာမည်မသိလို့လူတိုင်းကိုလိုက်မေးသလိုပဲ 192.168.0.3 ဆိုတာမင်းလား မင်းလားဆိုပြီးလိုက်မေးသလိုပဲ။ အဲမှာ
IP မှန်တဲ့ကောင်ဆီက ခုနသူလိုချင်တဲ့ MAC ရသွားရော။ IP မှန်တဲ့စက်က ARP reply frame ကိုပြန်ပို့ပေးရပါတယ်။ မပို့ခင်မှာ အရင်ဆုံး ARP cache မှာပို့တဲ့ဘက်က MAC (0A) and IP (192.168.0.1) ကို သိမ်းလိုက်ပါတယ်။ windows မှာ arp -a နဲ့ cmd မှာကြည့်လို့ရပါတယ်။ ARP reply frame ကတော့ အောက်ပါပုံအတိုင်းဖြစ်ပါတယ်။
ARP Reply Frame
📷
ARP reply frame ကိုပြန်ပို့တော့ switch ဆီရောက်တယ် switch ကသူ့ဆီဝင်လာတဲ့ frame မှာပါတဲ့ source MAC (0C) ကမရှိသေးတဲ့အတွက် MAC address table မှာ port ID (3) နဲ့တွဲမှတ်လိုက်တယ်။ frame ကို forward လုပ်ဖို့ Destination MAC ကိုကြည့်တော့ 0A က table မှာ port ID 1 နဲ့ရှိပြီးသားဖြစ်လို့ forward လိုက်တယ်။ မျက်လုံးထဲမြင်လားမသိဘူး ဇယားလေးတွေနဲ့တွဲကြည့်ပေးပါ။

ဒီဘက် computer ရောက်တော့ သူ့ရဲ့ ARP cache ထဲမှာ 192.168.0.3 and MAC (0C) ကိုမှတ်လိုက်တယ်။ အဲကြတော့မှ ကျနော်တို့ရဲ့ မူလ ICMP request frame
ကိုပို့လို့ရတယ်။

ဒါတွေဟာနောက်ကွယ်မှာအလုပ်လုပ်နေတဲ့ flow တွေပါ။ ဘယ်တော့မှမပြောင်းပါဘူး။ ဒါတောင် ping တာပဲရှိပါသေးတယ်။ အဓိကက frame or
Packet ကလေးသွားရောက်ရမယ့် destination IP and MAC က ARP cache ထဲမှာ mapping ဖြစ်မနေရင် ARP request frame ပို့ပြီးပြန်ရှာပေးရပါတယ်။
Computer power ပိတ်လိုက်ရင်တော့ arp cache ထဲမှာမရှိတော့ပါဘူး
တွေးစရာလေးတစ်ခုရှိပါတယ်။ တဘက်နဲ့တဘက် အပြန်အလှန် ARP cache တွေထဲမှာသိမ်းပြီးသွားပြီ data တွေလဲပို့နေကြပြီ အဲအချိန်မှာ switch ကရုတ်တရက်
Power down သွားတယ်ဆိုပါစို့။ ၂ဘက် computer တွေရဲ့ ARP cache ထဲမှာတော့ Destination IP and MAC တွေ အပြန်အလှန်ရှိနေဆဲ…
အဲမှာ PC1 က ping လိုက်တယ်ဆိုရင် ဘာဖြစ်နိုင်မလဲ…… ? ဒါကတွေးစရာလေးပေးတာပါ။
သဘောမပေါက်ရင် ပုံလေးတွေကြည့်ရင်းတွေးရင်းဖတ်ကြပါ။ စာနဲ့နားလည်အောင်ရှင်းပြရတာတော်တော်မလွယ်ပါဘူး။ အဲအချက်တွေအားလုံးအဆင်ပြေပြီဆိုမှ transport layer က data ပို့ဆောင်ဖို့စတင်လုပ်ဆောင်တယ်။ ARP သည် Command ရိုက်လိုက်မှ ထ run တဲ့ protocol မဟုတ်ဘူး network ချိတ်ဆက်လို့ရတဲ့အစိတ်အပိုင်းပါဝင်တဲ့ device, အဲ device တွေရဲ့ OS တွေမှာ originally ပါပြီးသားဖြစ်တယ်။ TCP/IP, UDP တွေလဲပါပြီးသားနော် network ချိတ်ဆက်မယ့် device တိုင်းမှာ TCP/IP, UDP, ARP တွေနဲ့အပြန်အလှန်ချိတ်ဆက်ကြမှ နက်ဝက်မိမှာ။ Network & ARP အကြောင်းကတော့ ဒီလောက်နဲ့ပဲရပ်လိုက်ပါတယ်။ မသိတာမရှင်းတာရှိခဲ့ရင် cmt or page messager မှာမေးနိုင်ပါတယ်။ ကျနော်သိရှိသမျှပြန်လည်မျှဝေခြင်းသာဖြစ်ပြီး အမှားများပါဝင်ပါက ထောက်ပြဝေဖန်ပေးကြပါခင်ဗျာ။
Comments
Post a Comment