GPT နဲ့ MBR ဘယ်ဟာပိုကောင်းလဲ
GPT vs MBR
------------------
ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းလေးကတော့ GPT – GUID Partition Table နဲ့ MBR – Master Boot Record တို့နဲ့ပတ်သက်ပြီး ကွာခြားတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီ (၂)ခုဟာ Harddisk drive တွေ Solid State Drive တွေမှာ Operating System တွေ installation လုပ်ဖို့ Partition တွေ သတ်မှတ်တဲ့အခါ UEFI, Legacy စတဲ့ firmware အမျိုးအစားတွေပေါ်မူတည်ပြီး support လုပ်ခြင်း မလုပ်ခြင်းတွေရှိပါတယ်။
Harddisk types မှာ
1. Basic disk 2. Dynamic disk ဆိုပြီး (2) မျိုးရှိတယ်။
Basic disk မှာမှ MBR (master boot record) and GPT (GUID Partition Table) partition အမျိုးအစား၂မျိုးရှိတယ်။
MBR မှာဆိုရင်ပိုင်းနိုင်တဲ့ partition အမျိုးအစားတွေက primary,extended,logical ဆိုပြီးရှိတယ်။
Primary သည် ၄ ပိုင်းပိုင်းနိုင်တယ် ဒါပေမယ့် primary ကို ၄ပိုင်းစလုံးပိုင်းလိုက်ရင် ကျန်တဲ့ partition အမျိုးအစားတွေပိုင်းလို့မရတော့ပါဘူး Primary ကို ၃ပိုင်းပဲပိုင်းရင် extended partition မှာ logical တွေထပ်ပိုင်းလို့ရတယ်။
Harddisk ထဲမှာ OS install လုပ်တယ်ဆိုတာ အဲ OS နဲ့သက်ဆိုင်တဲ့ boot file ပါရှိပါတယ်
Boot file သည် OS installation path ကိုပြပါတယ်။ %systemroot% အောက်မှာရှိတယ်
တနည်းအားဖြင့် C:\windows\
ပုံမှန်အားဖြင့်တော့ boot တက်နိုင်တဲ့ partition အမျိုးအစားသည် MBR ဖြစ်တယ်။ MBR ရဲ့အားနည်းချက်ကတော့ 2TB အထက် အသုံးပြုလို့မရတာပဲ
ကိုယ်က 4TB ပဲဖြစ်ဖြစ် 8TB ပဲဖြစ်ဖြစ် Disk တစ်ခုဝယ်လိုက်တယ်ဆိုပါက partition ပိုင်းတဲ့အခါ 2TB အထိပဲရမယ်။ ကျန်တာသည် unallocated ပဲပြမယ်။ အသုံးပြုလို့မရဘူး
GPT မှာကြတော့ primary partition ကို windows OS အနေနဲ့ 128 ထိပိုင်းလို့ရတယ်။ extended, logical တွေမရှိဘူး။ အားသာချက်သည် primary partition ကို 2TB အထက် ကြိုက်သလောက်ပိုင်းလို့ရတယ်။ ပုံမှန်အားဖြင့် boot မတက်နိုင်ဘူး။ ဒါပေမယ့် gpt ကို UEFI ကထောက်ပံ့ပေးနိုင်တယ် 2TB အထက်ရှိတဲ့ HDD တွေကို GPT ဖြင့်ပိုင်းပြီး UEFI ဖြင့် boot တက်နိုင်ပါတယ်။ 2TB အောက်ဆိုရင် သုံးစရာမလိုပါ။ MBR ပဲသုံးနိုင်တယ်
MBR disk တွေသည် BIOS (Basic Input Output System) partition table ကိုသုံးပါ
တယ်။ တနည်းဖြင့် legacy ပေါ့ GPT disk တွေကတော့ UEFI (Unified Extensible Firmware Interface) partition table
ကိုသုံးပါတယ်။ သူတို့ (၂)ခုရဲ့ အားသာချက် အားနည်းချက်လေးတွေကိုဖော်ပြပေးပါမယ်။
MSDOS 2.0 အသုံးပြုတဲ့ IBM PC တွေပေါ်မှာ 1983 ခုနှစ်က MBR ကိုစတင်အသုံးပြုခဲ့ပါတယ်။
MBR disk တွေသည် အမြင့်ဆုံး 2 Terabytes အထိပဲ data ပမာဏဆန့်ဝင်နိုင်ပြီး primary partition ကို 4 ပိုင်းအထိပဲပိုင်းနိုင်ပါတယ်။ GPT ကတော့ MBR ရဲ့ကန့်သတ်မှုတွေကို ချိုးဖြတ် လိုက်ပါတယ်။
GPT disk တွေကတော့ partition အကန့်အသတ်မရှိနီးပါးသုံးနိုင်ပြီး OS တွေပေါ် မူတည်ပါတယ်။ Window OS မှာဆိုရင် အပေါ်မှာပြောခဲ့သလို128 primary partition ထိပိုင်းနိုင်ပါတယ်။ capacity အနေနဲ့ 9.44 biliion terabytes အထိအသုံးပြုနိုင်ပါတယ်။ MBR နဲ့အရမ်းကိုကွာခြားလွန်းပါတယ်။
GPT သည် stability, secure booting ဖြစ်မှု ပိုမိုမြန်ဆန်မှုတွေမှာ MBR ထက်သာပါတယ်။
အကယ်၍ Disk တစ်ခုသည် GPT အမျိုးအစားဆိုပါက boot တက်တဲ့အခါ UEFI boot အနေဖြင့်သာ
တက်နိုင်မှာဖြစ်တယ်။ MBR disk type ဆိုလျှင် Legacy BIOS ဖြစ်မှ boot တက်လို့ရပါတယ်။
ကျွန်တော်တို့အနေနဲ့ OS installation လုပ်မယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ Disk partition type ကို
အရင်ကြည့်ရပါမယ်။ MBR လား GPT လားဆိုတာပေါ့ အကယ်၍ bootable device က legacy
BIOS ကိုပဲ support လုပ်ပြီး windows install လုပ်မယ့် Disk က GPT ဖြစ်နေမယ်ဆိုရင် OS install လုပ်လို့ရမှာမဟုတ်ပါ။
Run box ဖွင့်ပြီး diskmgmt.msc > right click on Disk 0 or 1 > Properties > Volume tab မှာ
ကြည့်လို့ရသလို
Run box > diskpart > list disk မှာ ကြည့်လို့ရပါတယ်
GPT disk ဆိုရင် GPT column မှာ * လေးနဲ့ပြနေမှာဖြစ်ပါတယ်။ MBR ဆိုရင်တော့ * မပါပါဘူး။
နိဂုံးချုပ်အနေနဲ့ 2TB အထက် data storage အသုံးပြုမယ်ဆိုရင် GPT + UEFI ကိုအသုံးပြုရမှာဖြစ်ပြီး 2TB အောက်ပဲဆိုရင်တော့ MBR + legacy BIOS ကိုအသုံးပြုနိုင်ပါတယ်။
အဆင်ပြေပါစေ
#Burmese_IT
Comments
Post a Comment