Power Supply Meter တိုင်းခြင်း

Power Supply Meter တိုင်းခြင်း








Power supply မှ DCV အပြည့် ထွက်၊မထွက်ကို Meter နဲ့ စမ်းသပ်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ Power supply ကို casing အတွင်းမှ ဖြုတ်ယူပြီး P1 connector ကို Wire ကြိုး အစိမ်းနှင့် အနက်ကို paper clip ဖြင့် ထိုးထားပါ။ Power supply ကို power on ပေးပါ။ ဒါဆို power supply က fan လည်လာပါလိမ့်မယ်။
ပထမအဆင့်အနေနဲ့ Power supply ကောင်းမွန်တယ်လို့ ယူဆလို့ရပါတယ်။ Power supply ကောင်းတာတော့ ဟုတ်ပါပြီ Power supply မှ အထွက် Wire ကြိုးတွေကရော သတ်မှတ်ထားတဲ့ DC volt တွေ အပြည့်ထွက်ရဲ့လား ဆိုတာကို ဒုတိယအနေနဲ့ စစ်ဆေးရပါအုံးမယ်။


Power supply က AC မှ DC သို့ ပြောင်းလဲပေးတာ ဖြစ်တဲ့အတွက် မီတာနဲ့တိုင်းတဲ့အခါ DC ကိုသာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် meter channel ကို DC Volt သို့ ဦးတည်ပြီးလှည့်ပေးရပါမယ်။ ဟုတ်ပြီ။ DC Volt ကို လှည့်ထားပြီးပြီဆိုပါစို့။ မည်သည့် volt ကို တိုင်းမှာလဲ။ မီတာမှာတော့ DC volt ကို 0.5 volt မှ 1000 volt အထိ ပြသထားပါတယ်။ သင့်လျော်တဲ့ volt အားကို မှန်ကန်စွာ ရွေးချယ်တိုင်းတာရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာမှာရှိတဲ့ power တွေက အများဆုံး 12V ထိပဲ အသုံးပြုပါတယ်။ အဲဒီတော့ သင့်အနေနဲ့ 10 volt ထက်နည်းတဲ့ wire ကြိုးတွေကို 10 volt နဲ့တိုင်းပြီး၊ 12 volt ကိုတော့ 50 volt နဲ့တိုင်းရပါလိမ့်မယ်။


ကွန်ပျူတာမှာရှိတဲ့ Power supply က wire ကြိုးတွေရဲ့ အလုပ်လုပ်ပုံတွေကိုလည်း သိထားရမှာ ဖြစ်ပါတယ်။ ကြိုးတွေကို အရောင်တွေနဲ့ ခွဲခြားထားပါတယ်။ အရောင်တွေမတူသလို volt တွေလည်း မတူပါဘူး။ အရောင်က ခုနှစ်မျိုးရှိပြီး၊ အဝါရောင်က +12 volt၊ အနီရောင်က 5 volt၊ လိမ္မော်ရောင်က 3.3 volt၊ အညိုရောင်က 3.3V sense၊ အပြာရောင်က -12 volt၊ အဖြူရောင်က -5 volt၊ ခရမ်းရောင်က +5 volt၊ အစိမ်းရောင်က power on၊ မီးခိုးရောင်က power good၊ အမည်းရောင်က ground တို့ဖြစ်ကြပါတယ်။


ဒါကြောင့် ကွန်ပျူတာမှာ 12V ပဲ 

အများဆုံး သုံးတယ်လို့ ပြောခဲ့တာပေါ့။ Meter channel လေးကို အနီးဆုံး 10V ကို ရွှေ့ပေးလိုက်ပါ။
ဒါဆို စပြီး တိုင်းကြည့်ကြရအောင်။ အရင်ဆုံးအနေနဲ့ power connector ကို စစ်ကြပါစို့။ Meter မှ အနီနှင့် အနက် Jerk pin လေးနှစ်ခုကို ယူပြီး jerk pin အနက်ကို P1 connector မှာရှိတဲ့ wire အမည်းကြိုးကို ထိုးထားလိုက်ပါ။ ကြိုက်သည့် အမည်းရောင်ကြိုးမှာ ထိုးနိုင်ပါတယ်။ မီတာက jerk pin အနီကို P1 connector မှ အနီရောင်ကြိုးကို ထိုးလိုက်ပါ။ ဒါဆို မီတာ Box မှာ DCV တွင် +5V ပြပါလိမ့်မယ်။ ဒါဆို power supply က power အပြည့်ထွက်ပါတယ်။ အကယ်၍ 3V လောက် ပြနေလျင်တော့ power အထွက် မကောင်းတော့ပါဘူး။ ၎င်းနည်းအတိုင်းပဲ အခြားသော wire ကြိုးတွေမှာလည်း သတ်မှတ်ထားတဲ့ volt အား ထွက်၊မထွက် တိုင်းတာပေးရပါမယ်။ 5V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 5V ရှိရပါမယ်။ 3.3V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 3.3V ရှိရပါမယ်။ 12V ရှိတဲ့ wire တွေကို တိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50V ကို ပြောင်းလဲပြီး ဦးတည်ပေးရပါလိမ့်မယ်။


မီထာ box မှာ မီတာကိုကြည့်တဲ့အခါ DC ရဲ့ 10V မှာ ဆိုလျင် 0,2,4,6,8,10 ဆိုပြီး ရှိပါတယ်။ သင်က 5V ကို တိုင်းခြင်းဆိုလျင်တော့ မီတာတံလေးက 4 နှင့် 6 ကြားမှာ ပြပါလိမ့်မယ်။ 3.3V ကို တိုင်ခြင်းဆိုလျင်တော့ 2 နှင့် 4 ကြားမှာ ပြပါလိမ့်မယ်။ DC ကို 10V ထက်ကျော်ပြီး တိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50 မှာ ထားရမှာပါ။ 50 မှာ ထားတဲ့အခါ 0,10,20,30,40,50 ဆိုတဲ့နေရာတွေမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ 12V ကို တိုင်းတာလျင်တော့ မီတာတံက 10 နှင့် 20 ကြားမှာ ပြနေပါလိမ့်မယ်။


P4 connector၊ Molex connector၊ Mini-Molex connector တို့ကိုလည်း အထက်ပါ နည်းအတိုင်းပဲ တိုင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ DCV တွေလည်း ထွက်ရမှာ ဖြစ်ပါတယ်။ အဓိက အရေးကြီးတာကတော့ မည်သည့် Wire ကြိုးကိုပဲတိုင်းတိုင်း မီတာရဲ့ Jerk pin အနက်ကိုတော့ power supply ရဲ့ အနက်ကြိုးမှာပဲ ထိုးထားရမှာ ဖြစ်ပါတယ်။ DC 12V ထိပဲရှိတဲ့အတွက် လူကို အန္တရာယ် မဖြစ်နိုင်ပေမယ့် wire pin များ ပူးသွားလျင်တော့ လျော့ဖြစ်သွားနိုင်ပါတယ်။ သတိထားပြီး ကိုင်တွယ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Comments

Popular posts from this blog

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Basic Networking Part - 2

static route & dynamic route အားသားချက်အားနည်းချက်