CHKDSK ပြုလုပ်ခြင်း
CHKDSK ပြုလုပ်ခြင်း
CHKDSK ဆိုတာက Microsoft Windows မှာ သုံးတဲ့ Command လေး တစ်ခု ဖြစ်ပါတယ်။ “chkdsk” command ကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာမှာရှိတဲ့ Hard disk နှင့် floppy disk တွေ ရဲ့ error တွေကို အတတ်နိုင်ဆုံးအထိ ဖြေရှင်းပေးနိုင်ပါတယ်။ “chkdsk” command ဟာဆိုလျင် Unix operation system မှာသုံးတဲ့ “fsck” ဆိုတဲ့ command နဲ့ အတူတူပါပဲ။
သင့်ရဲ့ ကွန်ပျူတာက NT-based ကို သုံးထားတဲ့ Windows ဖြစ်နေရင် “chkdsk” command က disk ရဲ့မျက်နှာပြင်မှာ ဖြစ်ပေါ်နေတဲ့ error တွေ၊ bad sector တွေကိုပါ စစ်ပေးနိုင်မှာပါ။ တခါတရံမှာ Hard disk ထဲက ပျက်စီးသွားတဲ့ Data တွေကို ဖတ်လို့ရနိုင်သေးတယ်ဆိုလျင်တော့ Data တွေကို Recover လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အချို့ Physical errors တွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။
CHKDSK နဲ့ အလုပ်လုပ်မယ်ဆိုလျင် Command Prompt သို့မဟုတ် Windows Recovery Console ထဲကနေ သွားပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ CHKDSK command တစ်ခုထဲပဲ အသုံးပြုမယ်ဆိုလျင်တော့ File System တွေကို ဖတ်ရုံသာလျင် ဖတ်ပေးသွားမှာဖြစ်ပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်သွားလိမ့်မည် မဟုတ်ပေ။ ဆိုတော့ CHKDSK နဲ့တွဲပြီး အသုံးပြုရမည့် Parameter တွေရှိပါတယ်။ အဲဒါတွေကို အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ /R parameter ကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။
Command prompt မှာ chkdsk /r လို့ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ /R parameter ကို သုံးခြင်းအားဖြင့် ပျက်စီးသွားတဲ့ Data တွေကို Hard Disk ထဲမှာ ရှာပြီးတော့ ပြန်လည် ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ပြုပြင်ပေးခြင်းအားဖြင့် အချို့ပျက်စီးနေသော Windows File တွေဟာ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြိး ပုံမှန်ပြန်လည် အလုပ်လုပ်မှာ ဖြစ်ပါတယ်။
/F parameter ကတော့ volume ထဲမှာရှိတဲ့ error တွေကို ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်။ အဲလို ပြုပြင်ပေးဖို့ရန်အတွက် volume ကို locked ချရပါလိမ့်မယ်။ အဲလို locked ချလို့ မရဘူးဆိုလျင်တော့ ကွန်ပျူတာကို ပိတ်ပြီး နောက်တစ်ကြိမ် အသုံးပြုတဲ့အချိန်မှာ check disk လုပ်ငန်းစဉ် လုပ်ဆောင်သွားပါလိမ့်မယ်။
/L parameter ကတော့ NTFS မှာပဲ သုံးလို့ရမှာဖြစ်ပြီး လက်ရှိ log file ရဲ့ ပမာဏကို ပြပေးသွားမှာ ဖြစ်ပါတယ်။ chkdsk ကို သုံးတဲ့အခါ log file တွေ ကျန်ခဲ့ပါတယ်။ Log file ရဲ့ ပမာဏကို ပြင်ချင်တယ်ဆိုရင်လည်း ပြင်ပေးနိုင်ပါတယ်။
/V parameter ကတော့ disk ထဲမှာရှိတဲ့ file တွေရဲ့ အမည်နှင့် လမ်းကြောင်း အပြည့်အစုံကို ဖောပြပေးသွားမှာ ဖြစ်ပါတယ်။
/X parameter က လိုအပ်လျင် ပထမဆုံးအနေနဲ့ volume ကို dismount လုပ်ဖို့ရန် တွန်းအားပေးခြင်းဖြစ်ပါတယ်။
အထက်ပါဖော်ပြခဲ့တာတွေက အသုံးဝင်နိုင်လောက်တဲ့ Parameter တွေပဲ ဖြစ်ပါတယ်။ အခြား parameter အနည်းငယ်လည်း ရှိပါသေးတယ်။ ၎င်းတို့ကို သိချင်တယ် ဆိုလျင်တော့ “chkdsk /?” ဆိုပြီး command prompt မှာ ရိုက်ထည့် ပေးခြင်းဖြင့် chkdsk command ကို ကောင်းကောင်းသုံးနိုင်လိမ့်မယ်လို့ ယူဆရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။
#Burmese_IT
Comments
Post a Comment