HDD လား SSD လား သိအောင်လုပ်မယ်

မင်္ဂလာပါ

ဒီနေ့ ရှဲပေးချင်တာလေးက မိမိကွန်ပျူတာမှာ အသုံးပြုနေတဲ့ storage drive type က ဘာအမျိုးအစားလဲဆိုတာသိအောင်လုပ်တဲ့နည်းလေးဖြစ်ပါတယ်

အရင်တုန်းကတော့ Harddisk drive တွေအသုံးများပါတယ်
အခုချိန်မှာတော့ Solid State Drive တွေအသုံးများပါလာပြီ

ssd vs hdd ကွာခြားချက်ကိုမသိသေးရင်  ဒီလင့်မှာဖတ်လို့ရပါတယ်
👇👇
HDD vs SSD
https://www.facebook.com/infoandtech/posts/1361042847428519? 

အဲတော့ computer အသစ်ဝယ်တာပဲဖြစ်ဖြစ် used ဝယ်ရင်ပဲဖြစ်ဖြစ်
ကိုယ်ဝယ်မယ့် ကွန်ပျူတာမှာပါတဲ့ storage type က ဘာအမျိုးအစားလဲသိဖို့လိုလာပါပြီ 

ပထမနည်းလမ်းက 
windows key + R >>  dfrugi လို့ရိုက်ပါ media type column မှာ SSD လား HDD လားဆိုတာဖော်ပြထားပါတယ်

ဒုတိယနည်းလမ်းက
windows power shell ကိုဖွင့်ပါ  ပြီးရင်အောက်ကစာလေးရိုက်ပေးပါ။
Get-PhysicalDisk
သူလဲပဲ media type column မှာ SSD လား HDD လားဖော်ပြပေးပါတယ်

အဆင်ပြေပါစေ

#Burmese_IT





Comments

Popular posts from this blog

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Basic Networking Part - 2

static route & dynamic route အားသားချက်အားနည်းချက်