computer တွေဘာကြောင့်ပူရလဲ...?

computer တွေဘာကြောင့်ပူရလဲ...?

ဘာကြောင့်ပူရလဲဆိုတော့ မအေးလို့ပူတာပေါ့...။ ဟဲဟဲ နောက်တာ..
ပူရတဲ့အကြောင်းတွေကတော့များစွာရှိပါတယ် အဓိကကျတဲ့အကြောင်းအရာအချို့ကတော့

>1 CPU ရဲ့  loading အရမ်းများလာရင် heat တက်ပါတယ်
>2 လုံလောက်တဲ့ cooling system မရှိရင် heat တက်ပါတယ်
>3 မိမိ computer ရဲ့  form-factor (ဖွဲ့စည်းပုံ) ကြောင့် heat တက်ပါတယ်
>4  hardware ပိုင်း ပုံမှန် maintenance မလုပ်ရင် heat တက်ပါတယ်
>5  battery ကြောင့် heat တက်ပါတယ်

1. CPU loading ဘာကြောင့်များလဲဆိုတော့ အရမ်းခိုင်းလို့ပါ။ လူတွေလိုအလုပ်ပင်ပင်ပန်းပန်းလုပ်ရတဲ့အခါ ချွေးတွေသံတွေထွက်လာသလိုပေါ့။ CPU loading များရင် CPU ကအရမ်းပူလာမှာပါပဲ CPU ပူရင်
computer လဲပူလာတာပေါ့

CPU ကိုဘယ်အရာတွေက loading များစေသလဲ ??
ပုံမှန်အားဖြင့် CPU ဟာ loading များလေ့မရှိပါဘူး။ User Interface (UI) ကိုအရမ်းအသုံးပြုရတဲ့အခါ CPU ဟာ loading တက်လာပါတယ်
အထူးသဖြင့် program အကြီးစားတွေဖြစ်တဲ့ video editing software တွေ photo editing software တွေ  network simulator တွေအသုံးများတဲ့အခါ  CPU သည် 100% ထိအလုပ်လုပ်ရပါတယ် အဲဒီအခါ heat တက်လာတဲ့အတွက် CPU Fan ထလည်တဲ့အခါအသံတောင်ကြားရပါတယ်။ 

အဲလို program တွေကြောင့်မဟုတ်ပဲ background program တွေ run တာများနေရင်လဲ CPU 100% ထိအလုပ်လုပ်နေရတတ်ပါတယ်။  background program တွေထဲမှာ သမာရိုးကျအလုပ်လုပ်နေတဲ့ services တွေရှိသလို အဖျက်အမှောက် program တွေလဲရှိနေတတ်ပါတယ်။ အဲဒါကြောင့် မလိုအပ်တဲ့ အသုံးမပြုတဲ့ service တွေကိုပိတ်ထားသင့်ပါတယ်။ browser တွေကြောင့် CPU အလုပ်အရမ်းလုပ်ရလေ့မရှိပါဘူး။  browser တွေသည် RAM ကိုပဲအများဆုံးအသုံးပြုပါတယ်။
CPU, RAM,  တို့ရဲ့  loading တွေကို task manager မှာကြည့်လို့ရပါတယ်။

2. လုံလောက်တဲ့ cooling system မရှိရင် heat တက်တယ်ဆိုတာကတော့
အထူးသဖြင့် ပုံမှန် laptop, desktop တွေမှာတွေ့ရလေ့မရှိပဲနဲ့ 
Gaming laptop, desktop တွေမှာတွေ့မြင်ရပါတယ်။ computer မှာအဓိက အေးအောင်လုပ်ပေးရတာကတော့ CPU ကိုပဲဖြစ်ပါတယ်။
ပုံမှန် desktop တွေမှာ CPU fan လောက်နဲ့  heat ကိုထိန်းထားလို့ရပေမယ့်  refresh rate တွေအရမ်းမြင့်တဲ့ gaming desktop တွေမှာတော့
CPU Fan လောက်နဲ့မရတော့ပါဘူး liquid cooling system တွေသုံးရပါတယ် GPU တွေအတွက်လဲသီးသန့် cooling method တွေသုံးရပါတယ်။ gaming laptop ဆိုလဲ အလားတူပါပဲ liquid system အပြင် အပူစွန့်ထုတ်ဖို့ Fan တစ်လုံးလောက်နဲ့မရပါဘူး dual fan တွေအသုံးပြုရပါတယ် ဒီလင့်မှာဝင်ကြည့်ပါ
https://www.asus.com/ROG-Intelligent-Cooling/

3. မိမိ computer ရဲ့  form-factor (ဖွဲ့စည်းပုံ) ကြောင့် heat တက်ပါတယ်
အပူစွန့်ထုတ်မှုပုံစံပါ အပေါ်မှာပြောခဲ့သလိုပဲ fan ကတစ်လုံးထဲသုံးတာလား Dual fan လား
နောက်ပြီး အပူထုတ်တဲ့နေရာက ဘေးမှာလား နောက်မှာလား အောက်မှာလားဆိုတဲ့အချက်တွေပေါ်မူတည်ပါတယ်။ 

4.  hardware ပိုင်း ပုံမှန် maintenance မလုပ်ရင် heat တက်ပါတယ်
ဒါကတော့ရှင်းပါတယ်  aircon တွေလိုပါပဲ ပုံမှန် maintenance မလုပ်ရင် အေးသင့်သလောက်မအေးတော့သလို computer တွေလဲ အသုံးပြုတာကြာလာတာနဲ့အမျှ ဖုန်းတွေအလိပ်လိုက်ပြီး cooling fan ကလဲနိုင်မှာမဟုတ်တော့ပါဘူး 

5.  battery ကြောင့် heat တက်ပါတယ်
lithium ion battery တွေမှာ cycle ဆိုတာရှိပါတယ် သူတို့ရဲ့ သက်တမ်းပေါ့ cycle ဆိုတာ အားအပြည့်သွင်းထားပြီး အကုန်သုံးလိုက်ရင် 1 cycle ဖြစ်ပါတယ်။ cycle တွေများလာတာနဲ့အမျှ သက်တမ်းကလျော့လာပါတယ် performance ကျလာပါတယ် အားသွင်းရင် အကြာကြီးသွင်းရပြီး သုံးရင်ခနလေးနဲ့ကုန်ပါတယ် အားသွင်းတဲ့အချိန်မှာအရမ်းပူပါတယ်
battery နဲ့အသုံးပြုတဲ့အခါ battery ကထွက်တဲ့အပူကြောင့် computer မှာပါပူလာပါတယ်။ ‌အကောင်းဆုံးနည်းကတော့ battery ရဲ့သက်တမ််းရှည်ချင်ရင် laptop တွေဆိုရင် battery နဲ့ 50% လောက်သုံးပြီးတာနဲ့ အားပြန်သွင်းပြီးသုံးပါ။ အားပြည့်ရင် ပြန်ဖြုတ်ပြီး battery နဲ့ပြန်သုံးပေးပါ။ 

နောက်ဆုံးတချက်ကတော့ ရာသီဥတုအရမ်းပူရင်လဲ ပူနိုင်ပါကြောင်း

အဆင်ပြေကြပါစေ 
#Burmese_IT



Comments

Popular posts from this blog

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Basic Networking Part - 2

static route & dynamic route အားသားချက်အားနည်းချက်