Blu-Ray Technology
Blu-Ray Technology
Blu-Ray Disc ကို အတိုကောက်အနေနဲ့ BD လို့ ခေါ်ပါတယ်။ High Definition Video နှင့် Data တွေ သိုလှောင်ဖို့အတွက် နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Disc လေးပါ။ ယနေ့ခေတ်မှာ တွင်ကျယ်စွာ အသုံးပြုနေတဲ့ DVD တို့ CD တို့နဲ့ အလားသဏ္ဍာန် တူပါတယ်။
အပြာရောင် Laser အလင်းတန်းကို အသုံးပြုပြီး ဖတ်ရ၊ ရေးရတဲ့အတွက် Blue Ray Disc လို့ ခေါ်တာပါ။ အနီရောင် Laser အလင်းတန်းကို အသုံးပြုတဲ့ ရိုးရိုး DVD Format ထက်ကို Data ပမာဏများများ သိုလှောင်နိုင်ပါတယ်။ နှစ်ဖက်စလုံး အသုံးပြုနိုင်တဲ့ Two Layer DVD ထက်ကို (၆)ဆသာတာကို တွေ့ရပါတယ်။ တဖက်တည်းသုံးလို့ရတဲ့ Single Layer DVD ထက်ကို ဆယ်ဆခွဲလောက် ပိုဆန့်ပါတယ်။
Blu-Ray ဟာ HD DVD နဲ့ အပြိုင် ထွက်ခဲ့တာပါ။ နောက်ဆုံးမှာတော့ Blu-Ray က အနိုင်ရတယ်ပဲ ဆိုကြပါစို့။ ဘာကြောင့်လဲဆိုတော့ HD DVD ထုတ်တဲ့ Company တွေဟာ Blu-Ray ကို စိတ်ဝင်စားလာကြလို့ပါပဲ။
Blu-Ray Disc ကုိ Blu-Ray Disc Association ကေန ထုတ္လုပ္တာပါ။
Blu-Ray ရဲ့ CD/DVD တွေ အပေါ် အဓိက အားသာချက်ကတော့ Data တွေကို ကျစ်ကျစ်လစ်လစ်နဲ့ များများ သိုလှောင်နိုင်တဲ့ စွမ်းရည်ပါပဲ။
ယနေ့ခေတ်မှာ Electronic ပစ္စည်းတွေ၊ Recording Media တွေ Video Game နဲ့ Music တွေ ထုတ်လုပ်တဲ့ Company ပေါင်း ၁၀၀ လောက်က Blu-Ray Technology ကို အသုံးပြုလာကြပါပြီ။
Blu-Ray က Data ေတြ ဘယ္လုိဖတ္မလဲ
Blu-Ray Disc က Data တွေကို 1.1 mm အထူရှိတဲ့ Poly Carbonate Layer ရဲ့ အပေါ်မှာ သိမ်းပါတယ်။ Data သိမ်းတဲ့ Layer က Data ဖတ်မယ့် မှန်ဘီလူးနဲ့ နီးကပ်နေတာကြောင့် အလင်းတန်းတွေ ပြာထွက်သွားတာမျိုးလို Data ဖတ်ရာမှာ ကြုံရမယ့် ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဒါမှမဟုတ် Disc အနေအထား ပျက်သွားလို့ ဖတ်မရတော့ဘူးဆိုတဲ့ ပြဿနာလည်း ရှိမှာ မဟုတ်တော့ပါဘူး။ Data တွေ သိမ်းတဲ့နေရာဟာ Disc ရဲ့ မျက်နှာပြင်နဲ့ ပိုမို နီးကပ်လာတာကြောင့် ခြစ်ရာတွေနဲ့ လက်ဖွေရာတွေကနေ ကာကွယ်ဖို့အတွက် Disc ရဲ့ မျက်နှာပြင်မှာ မာကျောတဲ့ အလွှာတစ်ခုနဲ့ Coated လုပ်ထားပါတယ်။
Blu-Ray Disc ရဲ့ Design ထုတ်ထားပုံကလည်း Disc ထုတ်လုပ်မှုစရိတ်ကို လျော့ကျစေပါသတဲ့။
ရိုးရိုး DVD တွေကတော့ Recording Layer ကို 0.6 mm စီထူတဲ့ Disc ပြား နှစ်ခုနဲ့ ညှပ်ထားတာပါ။ Disc နှစ်ခု ပေါင်းထားတာရယ်၊ Recording Layer ဟာ Disc တခုခုမှာ အသေတပ်ထားရတာရယ်တို့ကြောင့် အလင်းတန်းလာတဲ့အခါ ဖြာထွက်မသွားအောင် ဂရုတစိုက် ထုတ်လုပ်ထားရတာပါ။
Blu-Ray ကတော့ 1.1 mm အထူရှိတဲ့ Disc တစ်ခုတည်းမှာ Recording Layer ကို မျက်နှာပြင် နားကပ်ပြီး ထားတာ ဖြစ်ပါတယ်။ Disc တစ်ခုတည်း သုံးထားတဲ့အတွက် သူ့ကို ထုတ်လုပ်တဲ့ စရိတ်လျော့ကျသွားတယ်ဆိုပေမယ့် သူ့ရဲ့အပေါ်ကနေ အလွှာတစ်လွှာ ထပ်အုပ်ပေးရတဲ့ ကုန်ကျစရိတ်နဲ့ ဆိုရင်တော့ သိပ်မထူးခြားပါဘူး။
Blu-Ray Disc တစ်ချပ်ကို ဝယ်မယ်ဆိုလျင်တော့ ယနေ့ စျေးကွက်မှာ ရှိတဲ့ Blu-Ray Disc တွေရဲ့ တန်ဖိုးက တစ်ချပ်ကို $20 ကနေ $50 ကျော်ထိ ရှိပါတယ်။
Blu-Ray ဘယ်လို Read/Write လုပ်သလဲဆိုတာ အထက်ပါ ပုံမှာ ပြထားပါတယ်။ ပုံမှာ 1.1 mm ထူတဲ့ Poly Carbonate Layer Disc တစ်ခုတည်းကို သုံးထားတာ တွေ့ရပါတယ်။ 405 nm Blue Laser ဆိုတာက လှိုင်းအလျား 405nm သာရှိတဲ့ အပြာရောင် Laser အလင်းတန်းကို ပြောတာပါ။ DVD မှာ သုံးတဲ့ အနီရောင် အလင်းတန်းက 650nm ရှိပါတယ်။ လှိုင်းအလျားပိုသေးငယ်ခြင်းက Disc ဖတ်ရာမှာ Track Pitch တွေကို ပိုမိုပြီး သေးငယ်စေတယ်။ အဲဒီတော့ Data တွေ ပိုသန့်စေတာပေါ့။
Blu-Ray ကို အထင်ကရ ဖြစ်စေတဲ့အချက်တွေထဲမှာ Tack Pitch သေးငယ်ခြင်းက အဓိကပါ။ Track Pitch ဆိုတာက Laser အလင်းတန်းက တစ်ခါဖတ်လိုက်တဲ့အခါ အဲဒီအလင်းတန်းလေးက Disc ပြားပေါ်မှာယူတဲ့ နေရာလေးပါ။ Blue-Ray Technology မှာ အဲဒီ Tack Pitch နေရာလေးက 0.3 micrometer ပဲ ရှိပါသတဲ့။
Blu-Ray Disc ကို သုံးမယ်ဆိုရင်
၁။ Blu Ray ဟာ Data တွေကို ပိုများများ သိမ်းနိုင်ရုံတင်မကဘဲ Interactive ဖြစ်ပါတယ်။ Interactive ဖြစ်တယ်ဆိုတာက အနီးစပ်ဆုံး ဘာသာပြန်လျင် အသက်ရှင် လှုပ်ရှားနိုင်တာကို ပြောတာပါ။ ဒီနေရာမှာတော့ အသက်ရှင်တယ်လို့ ပြောလို့ မရပါဘူး။ ဒီ Blu-Ray ကို အသုံးပြုဖို့အတွက် Blu-Ray Format နဲ့ Subtitle တွေ Movie တွေကို Internet ပေါ်ကနေ အလွယ်တကူ ယူလို့ရတာကို ပြောချင်တာပါ။
၂။ Blu-Ray က HDTV တွေကို အရည်အသွေး မကျစေဘဲ Record လုပ်နိုင်ပါတယ်။
၃။ Disc ပေါ်မှာ ရှိနေတဲ့ ခြစ်ရာတွေ၊ အစင်းရာတွေကိုလည်း အလွယ်တကူကျော်ပြီး ဖတ်နိုင်တယ်လို့ ဆိုပါတယ်။
၄။ Disc ပေါ်က Program တစ်ခုကို ကြည့်နေစဉ်မှာပဲ ၎င်း Disc ပေါ်မှာ အခြား Program တစ်ခုက Record လုပ်နိုင်ပါတယ်။
၅။ Playlists တွေကိုလည်း ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
၆။ Disc ပေါ်မှာ Record လုပ်ပြီးတဲ့ Program တစ်ခုကို ပြန်ပြင်ချင်တယ် ပြန်ပြီးတည်းဖြတ်ချင်တယ်ဆိုရင်လည်း ပြန်ပြင်ပြီး Record ပြန်လုပ်ထားလို့ရပါတယ်။
၇။ ရှိပြီးသား Program တစ်ခုပေါ်မှာ ထပ်ပြီးတော့ မကူးမိစေဖို့အတွက် နေရာလွတ်တွေကို အလိုအလျောက် ရှာပေးနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။
Blu-Ray ရဲ့ ဖွဲ့စည်းပုံ
Disc တွေဟာ Video တွေ Audio တွေ Data တွေ Pits တွေပေါ်မှာ သိမ်းပါတယ်။ Pits ဆိုတာ ဓာတ်ပြားပေါ်မှာ Data တွေ သိမ်းတဲ့ Megnetic Spot လေးကို ပြောတာပါ။ ဓာတ်ပြားရဲ့ အတွင်းကနေ အပြင်ဘက်ကို အကြောင်းရာအတိုင်း ခရုပတ်ခွေလို ရစ်ပြီးထွက်သွားတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။
Blu-Ray မှာ Data တွေ များများသိမ်းနိုင်တယ်ဆိုတော့ ဒီလမ်းကြောင်းလေးကလည်း ပိုပြီး စိပ်ဖို့လိုတာပေါ့။ ဒီလမ်းကြောင်းလေးတွေ ပိုပြီးစိပ်လေလေ သူ့ကိုတိုးပြီးဖတ်မယ့် Laser အလင်းတန်းကလည်း သေးငယ်ပြီး တိကျဖို့ လိုလာပြီလေ။
DVD Vs Blu Ray
၁။ DVD က အနီရောင် Laser အလင်းတန်းကို သုံးပါတယ်။ Blu Ray က အပြာရောင် Laser အလင်းတန်းကို Data တွေ ရေး/ဖတ်ဖို့အတွက် သုံးပါတယ်။
၂။ DVD မှာ အသုံးပြုတဲ့ အနီရောင် Laser အလင်းတန်းရဲ့ လှိုင်းအလျားသည် 650 nanometer ရှိပြီး Blu-Ray မှာ သုံးတဲ့ အပြာရောင် Laser အလင်းတန်းကတော့ လှိုင်းအလျား 405 nanometer ရှိပါတယ်။
၃။ အလင်းတန်းရဲ့ အရွယ်အစားကိုလိုက်ပြီး Disc ပေါ်ကို အလင်းနဲ့ထိုးပြီး ဖတ်တဲ့အခါ ယူတဲ့နေရာပမာဏလည်း ကွာသွားပါတယ်။ အဲဒီနေရာလေးကို Track Pitch လို့ ခေါ်ပါတယ်။ DVD ရဲ့ Track Pitch သည် 0.74 micrometer ရှိပြီးူ Blu-Ray ရဲ့ Track Pitch ကတော့ 0.3micrometer သာရှိပါတယ်။
၄။ Data တွေကို Disc ပြားပေါ် သိမ်းတဲ့အခါ ဓာတ်ပြားဖတ်တဲ့လမ်းကြောင်းပေါ်မှာ Megnetic အပုံလေးတွေ ပုံပြီးသိမ်းတာကို သိကြပြီး ဖြစ်မှာပါ။ အဲဒီ Megnetic Spot လေးတွေကို Pit လို့ ခေါ်ပါတယ်။ DVD မှာ Pit တစ်ခုရဲ့ အတိုဆုံးအချင်းဟာ 0.4micrometer ရှိပါတယ်။ Blu-Ray မှာတော့ 0.15micrometerသာ ရှိပါတယ်။
၅။ Tack Pitch ကလည်း ငယ်တယ်။ Pit ကလည်း သေးတယ်ဆိုတော့ Disc တချပ်တည်းပေါ်မှာ Data အများကြီး သိုလှောင်နိုင်တယ်ဆိုတဲ့ Blu-Ray ရဲ့Technology ကို အံ့သြစရာတော့ မရှိတော့ပါဘူး။ DVD တချပ်ဟာ ပမာဏ 8GB လောက် သိုလှောင်နိုင်နေတဲ့အချိန်မှာ Two Layer Blu-Ray Disc တချပ်က 50GB အထိ သိုလှောင်နိုင်စွမ်း ရှိနေပါတယ်။
၆။ DVD နဲ့ Blu-Ray Disc တို့ရဲ့ ဖွဲ့စည်းပုံ Format ကလည်း အနည်းငယ် ကွဲပြားပါတယ်။
ပုံထည့်ရန်
ပုံမှာ ပြထားတဲ့အတိုင်းပဲ DVD ကတော့ 0.6mm အထူရှိတဲ့ Disc နှစ်ချပ်ကို အလယ်က Recording Layer ညှပ်ပြီး ပြုလုပ်ထားတာပါ။
Blu-Ray မှာကတော့ 1.1mm အထူရှိတဲ့ Disc တစ်ချပ်တည်းကို သုံးထားတာ ဖြစ်ပါတယ်။ အဲဒီလိုထားခြင်းဟာ Head ကနေလာတဲ့ အလင်းတန်းကို ဖြာထွက်မသွားအောင် ဒါမှမဟုတ် ပုံပျက်မသွားအောင် ကာကွယ်နိုင်ပါတယ်တဲ့။
Blu-Ray Disc (BD) Format သုံးမျိုးရှိပါတယ်။
နံပါတ်(၁)က BD-ROM လို့ ခေါ်ပါတယ်။
Software တွေ Game တွေ Movies တွေကို တခါတည်း အသင့်သွင်းပြီး ပြန်ကြည့်နိုင်တဲ့ Recording Type မှာ သုံးဖို့ပါ။
နံပါတ်(၂)က BD-R က HDTV နဲ့ PC Data တွေ သိမ်းဖို့အတွက်ပါ။
နံပါတ်(၃) BD-RE က ပြန်ဖျက်၊ ပြန်ရေးနိုင်တဲ့ အမျိုးအစားပါ။ HDTV နဲ့ PC Data တွေ အတွက်ပါ။
HD DVD Vs BD
တဖက်တည်းပဲ အသုံးပြုလို့ရတဲ့ BD တချပ်ဟာ 25 GB ဆန့်ပါတယ်။
HD DVD ကတော့ 15GB ဆန့်ပါတယ်။
BD က 25GB ရတယ်လို့ ဆိုပေမယ့် တကယ်တော့ သူ့ဆီမှာက သုံးမျိုးရှိတာပါ။
23.3GB BD ရယ်၊ 25GB BD ရယ် 27GB BD ရယ် ဆိုပြီးတော့ ရှိပါတယ်။
HD DVD မှာ မရနိုင်တဲ့ အားသာချက် တစ်ခုကလည်း BD မှာ ရနိုင်ပါသေးတယ်။ အဲဒါကတော့ Dual-Layer Technology ပဲ ဖြစ်ပါတယ်။
Dual Layer အရဆိုရင် 46.6GB၊ 50GB၊ 54GB အထိ ဆန့်တဲ့ BD တွေကို ရမှာပါ။
အနာဂတ်မှာတော့ 100GB ကနေ 200GB အထိဆန့်တဲ့ 4-Layer ကနေ 8-Layer အထိရှိတဲ့ BD တွေကို သုံးစွဲခွင့်ရတော့မှာ ဖြစ်ပါတယ်။
Comments
Post a Comment