RAMSOMWARE


ခုခေတ်က ဒေတာတွေကို ဖျက်ဆီးတဲ့ခေတ်မဟုတ်တော့ဘူး encrypt(ဝှက်) လုပ်ပြီး ပိုက်ဆံတောင်းတဲ့ခေတ်ဖြစ်သွားပြီ...။ ပိုက်ဆံမပေးနိုင်ရင်တော့ပျက်ပြီပေါ့။

အထူးသဖြင့် နာမည်ကြီးနေတဲ့ #RAMSOMWARE ပေါ့ 
သင့်ကွန်ပျူတာမှာ RAMSOMWARE attack အလုပ်ခံရပြီဆိုရင် သင့်ရဲ့  data တွေဟာ ပုံမှန်မြင်နေကျ file extension မဟုတ်တော့ပဲနဲ့  သင်တို့တခါမှမမြင်ဖူးတဲ့ file extension တွေနဲ့ဖြစ်သွားပါတယ်။ ပုံတွေမှာလေ့လာပါ။

ကျနော်ကိုယ်တိုင်လဲ RAMSOMWARE ထိဖူးပါတယ် သို့သော် ကံကောင်းတာက အလုပ်လုပ်နေတဲ့ ကွန်ပျူတာမှာမဟုတ်ပဲနဲ့ flash drive မှာထိတာဖြစ်လို့ format ရိုက်လိုက်ပါတယ်။ 

အကယ်၍ flash drive လေးမဟုတ်ပဲနဲ့ ဒေတာတွေများစွာစုဆောင်းထားတဲ့ external HDD တွေ နေ့စဉ်အလုပ်လုပ်နေတဲ့ PC တွေ Network  ထဲကရှိရှိသမျှ PC တွေ storage server တွေကိုထိခဲ့မယ်ဆိုရင်သွားပြီပေါ့ 

နေ့စဉ်နေ့တိုင်း ကမ္ဘာတစ်ဝန်းမှာလဲ စက္ကန့်နဲ့အမျှ RAMSOMWARE attack ခံနေရပါတယ်။ အထူးသဖြင့် Internet အသုံးပြုနေတဲ့ PC တွေပေါ့ ကိုယ့်ရဲ့ ကွန်ပျူတာ ကိုယ့်ရဲ့ network ကလုံလောက်တဲ့ ကာကွယ်မှုတွေမရှိရင်တော့ အလွယ်တကူ attack လုပ်ခံရနိုင်ပါတယ်။ 

RAMSOMWARE နဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို ကျနော်အသေးစိတ်မပြောတော့ပါဘူး။ အဓိကကတော့ ကိုယ်မသိတဲ့လင့်တွေကိုမဝင်ပါနဲ့ crack software တွေ download မဆွဲပါနဲ့ internet security software တွေသုံးပါ။ windows defender သုံးတယ်ဆိုလဲ ဘယ်တော့မှမပိတ်ပါနဲ့။ Email အသုံးပြုပါက microsoft word, excel, pdf စသည့် attachment ပါလာပါကသတိထားပါ

MMCERT ကထုတ်ပြန်ထားတဲ့ပုံလေးတွေမှာဖတ်ကြည့်ပါ။
MMCERT ကို Credit ပေးပါတယ်။ MMCERT ကတော့ မြန်မာနိုင်ငံက Cybersecurity အဖွဲ့အစည်းဖြစ်ပါတယ်။ အကယ်၍ RAMSOMWARE တိုက်ခိုက်ခံရသည်ဟု သံသယရှိပါက MMCERT team ကိုဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။
https://www.facebook.com/mmcert.team/



#Burmese_IT

Comments

Popular posts from this blog

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Basic Networking Part - 2

static route & dynamic route အားသားချက်အားနည်းချက်