Mesh Wifi Makes Life Easier


#engenius #engeniusmyanmar 

စာလေးနည်းနည်းရှည်မှာမို့သည်းခံပြီးဖတ်ပေးပါ



အမှန်အတိုင်းပြောရရင် engenius ကထုတ်တဲ့ device တွေကိုတစ်ခုမှမသုံးဖူးပါဘူး အဲတော့သူ့ technology ကိုမသိဘူးပေါ့ ဒီ vendor ကိုသိလဲသိတယ် အမြဲတမ်းလဲကြားဖူးနေတာကြာပြီ။ အသိတစ်ချို့တောင် engenius ကလုပ်တဲ့ trainning တွေတက်ပြီး certificate တွေ ရတာကြားတယ် ဘာတွေကောင်းလို့သွားတက်ကြတာလဲစဉ်းစားမိတယ် ကိုယ်လဲတက်ချင်ပေမယ့် အခွင့်အရေးမရခဲ့ဘူး။

ကိုယ်လုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာ ဒီ vendor ကိုသုံးတာမတွေ့ခဲ့တော့ ကိုယ်လဲမကိုင်ခဲ့ရဘူးပေါ့ တကယ်တမ်းက Engenius ကိုတကယ်စိတ်ဝင်စားတယ်။ သုံးကြည့်ချင်တယ် ဘာတွေ
ကောင်းလဲ ဘယ်လို feature တွေပါလဲ user တွေကိုဘယ်လို manage လုပ်လို့ရမလဲပေါ့ အခုလက်ရှိ market မှာကော နေရာတော်တော်များများမှာကော သုံးနေတာက အားလုံးသိတဲ့ 
Unifi တို့ mikrotik တို့ ပေါ့ engenius အနေနဲ့လဲ ခိုင်မာတဲ့ market တစ်ခုတော့ရှိနေမယ် လို့ထင်တယ်။ မြန်မာနိုင်ငံမှာ သူလဲအခုဆိုလူတော်တော်သိပြီး နာမည်ရနေပါပြီ  ဒီနေ့  facebook သုံးရင်း engenius page မှာတင်ထားတဲ့ challenge တစ်ခုတွေ့မိတော့ သားကောင်အနံ့ရတဲ့ မုဆိုးလို engenius အကြောင်းပိုသိချင်လာမိတယ် သိပြီးသားသူတွေလဲရှိမှာပါ။ ကိုယ့်လိုမသိသေးတဲ့သူတွေအားလုံးကိုလဲသိစေချင်လို့ engenius ရဲ့ အကြောင်းကို တင် ပေး လိုက် ပါတယ်။ 

Engenius 
-------------

1979 မှာတည်ထောင်ခဲ့ပြီး engenius သည် စီးပွားရေးလုပ်ငန်းတွေ Service provider တွေနဲ့ consumer တွေ အတွက် wireless communication ပိုင်း နဲ့ radio frequency နည်းပညာမှာ industry Expert ဖြစ်ပါတယ်။ engenius products တွေရဲ့ ၁၀၀ ရာခိုင်နှုန်းဟာ
ထိုင်ဝမ်မှာထုတ်ပါတယ်။ made in Taiwan ပေါ့နော် iso 9001 and iso 14001 လက်မှတ်တွေရ
ရှိထားပြီး အရည်အသွေးမြင့် ထုတ်ကုန်တွေကို market ထဲကိုဖြန့်ဝေပေးနေပါတယ်။ Global branch office တွေအနေနဲ့ US, Canada, Netherlands, Singapore နဲ့ Dubai မှာတည်ရှိပါတယ်။
အဓိကထုတ်ကုန်တွေကတော့ PoE controller switches, indoor And outdoor wireless networking products, surveillance and Wireless mesh network product တွေဖြစ်တယ် world-leading Network provider အနေနဲ့ဆုတွေများစွာရရှိထားတဲ့အပြင် market
Sector တော်တော်များများမှာလဲအသုံးပြုနေပါတယ်။ ဒါကတော့ engenius အကြောင်း
Intro ပေါ့နော် အဓိကပြောချင်တာက သူ့ product တွေရဲ့ feature တွေပါ အကျဉ်းချုပ်ပြောရမယ် ဆိုရင်တော့

1. ezMaster (VM or AWS or Skykey 1)

2.  Mobile Tool ( EnWiFi App)

3.  Manage PoE Switch

4.  EnJet - Maximize Outdoor Wi-Fi Coverage

5.  Hospitality WiFi Solution

6.  Extend Wi-Fi Coverage without Cabling Hassles

7.  EnTurbo Next-Generation Technology

8.  Mesh Wi-Fi Makes Life Easier

9.  Automate Layouts with ezWiFi Planner

10.  Manage and monitor with network controllers

11.  EnGenius Cloud App - Smart Networking On the Go

12.  EnMesh - Easy Management

သူ့ရဲ့ feature များတော့ အကုန်လုံးတော့မပြောတော့ပါဘူး ဒီထဲက ကျနော်ပိုစိတ်ဝင်စားတဲ့ mesh wifi အကြောင်းလေးကိုပြောမှာပါ။ ကျန်တာတွေကတော့ နောက်ပိုင်းအချိန်ရရင်ဆက်ရေးသွားပါ့ မယ် ကိုယ်တိုင်လဲလေ့လာကြည့်လို့ရပါတယ်

Mesh Wifi makes life easier
--------------------------------------

Wifi တော့ wifi ပဲ “mesh wifi” တဲ့ ဘာလဲပေါ့ တစ်ချို့လဲသိပါလိမ့်မယ် မသိတဲ့ သူတွေလဲ ရှိပါလိမ့်မယ်။ Mesh wifi သည် mesh topology ကိုအခြေခံပါတယ်။ ကျနော်တို့ Basic network မှာသင်ခဲ့ရတဲ့ mesh topology ပါ။ ပုံလေးမှာကြည့်ပါ။ mesh topology သည် ISP, Bank စတဲ့ large network တွေမှာအသုံးပြုလေ့ရှိပါတယ်။ deploy လုပ်ရတာခက်ခဲပြီး complex ဖြစ်တဲ့ network မျိုးပေါ့။ wireless မှာတော့မခက်ခဲပါဘူး

ပုံ(0)မှာကြည့်မယ်ဆိုရင် Switch A ရဲ့ link ၃ ခုပြုတ်ရင်တောင် ကျန်တဲ့ switch တွေနဲ့ connection ပြတ်သွားမှာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ redundancy link တွေရှိလို့ပါ။ ဒီ topology က complex ဖြစ်ပေမယ့် အမှားခံနိုင်တဲ့ စနစ်ကောင်းတယ်ပေါ့နော် mesh Wireless fidelity (wifi) နည်းပညာမှာလဲ သဘောတရားက အဲလိုပါပဲ wireless node တွေတစ်ခုနဲ့တစ်ခုဟာ လင့်ချိတ်ထားကြပါတယ်။ 

traditional wifi network မှာဆိုရင် Access point တစ်လုံးမှာ wifi name လို့ခေါ်တဲ့ SSID တစ်ခု password တစ်ခုသတ်မှတ် ပေးရပါတယ်။ AP တွေများရင် မှတ်ရတာခက်လာတယ် ဘယ်နားက AP က ဘာနာမည်လဲ password ကဘာလဲ စသည်ဖြင့်ပေါ့ ရှိရှိသမျှ AP တိုင်းနဲ့ လိုက်ချိတ်ထားတယ်ထားအုံး AP တစ်လုံးနဲ့တစ်လုံးကြားမှာ connection weak point ကတော့ရှိအုံးမှာပဲ။ 

ဥပမာ 1st floor မှာနေတဲ့ user က AP1 နဲ့ ချိတ်ထားတယ် 2nd floor က AP2 နဲ့လဲချိတ်ထားပြီးသား သူက 2nd floor ကိုသွားမယ်ဆိုရင် floor ၂ခု ကြားမှာ connection ပြတ်သွားတာမျိုးရှိနိုင်တယ်။ အဲဒါကို wifi dead spot လို့ခေါ်ပါတယ် wifi ပြတ်တောက် သွားတဲ့ နေရာပေါ့ traditional wireless network တွေမှာ coverage မလောက်ရင် range extender တွေသုံးရပါတယ် Repeater လို့လဲခေါ်တယ်။ အဲဒါသုံးမယ်ဆိုရင် သူ့ကိုတစ်ခါ configure ထပ်လုပ်ရတယ်။ AP တစ်လုံးချင်းစီအတွက် network cable တွေပြေး ပေး ရပါတယ် လူအင်အား ပစ္စည်းအင်အားတွေပိုမိုသုံးစွဲရပါတယ်။ 

mesh wifi နည်းပညာကြ တော့ AP တွေများလဲ SSID and password ကတစ်ခုထဲပဲ ssid and Password မတူတာ ကွဲသွားတာမရှိဘူး။ coverage ပိုကောင်းလာသလို speed ကလဲပိုမြန်လာတယ်။ ဘယ်နေရာသွားသွား connection ပြတ် တောက် သွားခြင်း တခြား SSID တစ်ခုနဲ့ပြန်လည်ချိတ်ဆက်ရခြင်း password အသစ်ပြန် လည်ထည့် သွင်း နေရတာတွေလုပ်စရာမလိုပါဘူး။ AP တွေအတွက် network cable တောင် ပြေးစရာမလို တော့ ပါဘူး။ ဒီလောက်ဆို mesh wifi ဘာလဲဆိုတာ အနည်းငယ်သဘောပေါက်သွားမယ်ထင်ပါတယ် ကဲအခု Engenius ရဲ့ mesh wifi feature တွေကိုလေ့လာကြည့်ရ အောင်။ 

Engenius Mesh Router
-------------------------------



Engenius ရဲ့ mesh router တွေမှာ built-in ပါလာတဲ့  EnGenius Enmesh wireless link technology ဟာ mesh router တွေကို အတူတကွချိတ်ဆက်နိုင်စေနိုင်စေပြီး wifi coverage ကိုလဲပိုမိုကျယ်ပြန့်စေပါတယ်။  အမျိုးအစား အနေနဲ့ EMR 3000, EMR 3500 and EMR 5000  (3) မျိုးရှိပါတယ်။ ပုံ(1)မှာကြည့်ပါ ဒီနေရာမှာတော့ product တွေအကြောင်း detail မပြောတော့ ပါဘူး ကျနော်လေ့လာကြည့်သလောက်တော့ ဒီ device တွေရဲ့ feature တွေကတော်တော် လေးမိုက် ပါတယ်။

ကျယ်ပြန့်တဲ့ wifi coverage ရဖို့ mesh network ကို setup လုပ်ရတာ ခက်ခဲလေ့ရှိပေမယ့် Engenius ရဲ့ mesh network device တွေမှာတော့ No ပါလို့ပြောပါရစေ Engenius device တွေနဲ့ Mesh wifi network တစ်ခုဘယ်လိုအလုပ်လုပ်လဲဆိုတာရှင်းပြပါရစေ

ကျနော်အပေါ်မှာပြောခဲ့သလို 2 ထပ်ရှိတဲ့ office တစ်ခုပေါ့ အပေါ်ထပ် အောက်ထပ် အခန်းတွေလဲ ရှိမယ်။ မျက်စိထဲမြင်ကြည့်လိုက်ပါ။ အင်တာနက်လိုင်းတစ်လိုင်းဝယ်ထားမယ်ဗျာ 100Mbps လောက်ပေါ့ ISP က ONT device တစ်ခုလာချပေးထားမယ် fiber cable နဲ့ပေါ့ ရုံးက အပေါ်ထပ် အောက်ထပ်လဲဖြစ်တယ် အခန်းတွေလဲများမယ် boss က ethernet cable တွေပြေးပြီးမသုံးချင်ဘူး smart ကျကျ wireless ပဲသုံးချင်တယ် ရုံးကဝန်ထမ်းတွေကိုလဲ laptop တွေပဲပေးမယ် သွားလေရာသယ်သွားလို့ရမယ်ပေါ့။ အဲမှာအပေါ်မှာပြောခဲ့သလို mesh wifi အကြောင်း Boss ကိုရှင်းပြမယ် boss ကလဲကြိုက်ပြီဆိုတာ နဲ့စဆင်ပြီပေါ့။ ကျနော်သုံးမယ့်အမျိုးအစားတွေက 

Engenius mesh router EMR 3500 
Engenius Mesh Dot EMD1  (2) မျိုးသုံးမယ်။ ပုံ(2)မှာကြည့်ပေးပါ။



သုံးမယ့် user ပမာဏနဲ့ geography အနေအထားကိုကြည့်ပြီး AP အရေအတွက်ကို လိုတိုးပိုလျော့ လုပ်ပါမယ်။

ONT device သည် internet ရနေပြီးသားမို့ သူ့ကိုဘာမှလုပ်စရာမလိုပါ။ ONT device ကနေ RJ45 ကြိုးထွက်လာပြီး EMR 3500 ရဲ့ WAN port မှာထပ်ထားပါမယ်။



1. ပထမဆုံးအနေနဲ့ mesh router 3500 ကို configure လုပ်ရပါမယ် Configure လုပ်ဖို့အရမ်းလွယ်ကူပါတယ်။ Enmesh ဆိုတဲ့ mobile app ကိုဖုန်းမှာထည့်ပြီး step by step လုပ်သွားရုံပါပဲ ခက်ခက်ခဲခဲ တစ်ခုမှမရှိပါဘူး။ 

2. ပြီးရင် mesh dot EMD1 တွေကိုလဲ Enmesh app နဲ့ ဒီ mesh network ထဲကို ထပ်ထည့် သွားရုံပါပဲ 

EMD1 AP1 သည် EMR 3500 နဲ့ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ EMR 3500 မှာ configure လုပ်ထား အတိုင်း wifi signal ကိုလွှင့်ထုတ်ပေးနေပါပြီ

ကျန်တဲ့ EMD1 AP2, AP3, AP4 တို့သည် အဲတိုင်းပဲလုပ်ဆောင်ပေးပါတယ် သူတို့အချင်းချင်းလဲ အပြန်အလှန်ချိတ်ဆက်ထားကြပါတယ်။ 

ထပ်ပြောရရင် EMD1 access point လေးတွေနဲ့ EMR 3500 router သည် တစ်ခုနဲ့တစ်ခု network ထဲမှာအပြန်အလှန် ထပ်ဆင့်ထပ်ဆင့် link တွေချိတ်ထားကြပါတယ် mesh လုပ်ထားကြတယ်ပေါ့  အဲဒီ access point လေးတွေကို Wifi coverage ဖြစ်ဖို့ လိုသလို နေရာကိုအပြောင်းအလဲလုပ်လို့ရပါတယ်။ လုံးဝ wifi dead spot မရှိတဲ့နေရာပေါ့။ ဒီထက်ထပ်ရှင်းအောင်ပြောရရင် လိုင်းကျတဲ့နေရာမရှိအောင်ပါ

ကျနော်တို့အနေနဲ့ AP တွေဆီကို ethernet Cable တွေပြေးစရာလဲမလိုတော့သလို AP တိုင်းကို configure ချစရာလဲ မလိုတော့ပါဘူး power ပေးဖို့တစ်ခုသာလိုပါတယ်။ 



SSID and password တွေ, network setting တွေအားလုံး ကိုလဲ Master router မှာတစ်လုံးမှာပဲ configure လုပ်ပေးရမှာဖြစ်ပြီး mobile app နဲ့ပဲ setup လုပ်လို့ရပါတယ်။  Enmesh mobile app ဟာ device တွေကို setup လုပ်ခြင်း , wireless network setting တွေကိုလိုသလိုပြင်ဆင်ခြင်း device အသစ်တွေထပ်ထည့်ခြင်း ဖြုတ်ခြင်း network speed checking လုပ်ခြင်းအပြင် အခြား Function တွေကိုလဲလုပ်ဆောင်နိုင်ပါသေးတယ်။ 

တခြားအများကြီးရှိပါသေးတယ် ဒီပို့စ်ရဲ့ အဓိက Title က Mesh Wifi အကြောင်းမို့လို့ပါ။  အချုပ်ပြောရမယ်ဆိုရင် လူအား ငွေအား ကုန်ကျစရိတ်တွေကိုလျှော့ချပေးနိုင်ပြီး smart  ကျကျနဲ့ performance ကောင်းမွန်တဲ့ mesh wifi network တစ်ခုကို Engenius device တွေသုံးပြီးတည်ဆောက်လို့ရပါတယ်။ ဒါဟာ Engenius ရဲ့ “mesh wifi makes life easier” ပဲဖြစ်ပါတယ်။
မှတ်ချက်။ ။ တစ်စုံတစ်ရာအမှားအယွင်းပါပါက ရေးသားသူ၏တာဝန်သာဖြစ်ပါသည်။

#Burmese_IT






















Comments

Popular posts from this blog

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Basic Networking Part - 2

static route & dynamic route အားသားချက်အားနည်းချက်