static route & dynamic route အားသားချက်အားနည်းချက်
Cisco ရဲ့ Routing, Switching technolo¬¬gy အကြောင်းလေ့လာတော့မယ်ဆိုတော့ အရင်ဆုံး Routing အကြောင်းကို¬
လေ့လာရမှာဖြစ်တယ်။ Route တယ်ဆိုတာဘာလုပ်တာလဲဆိုတော့ ကျနော်တို့ ပို့ဆောင်မယ့် data လေးတစ်ခုပေါ့ အဲဒီ
ဒေတာလေးဟာ 10MB ပဲရှိတယ်ဆိုပါစို့ send တချက်နှိပ်လိုက်တာနဲ့ 10MB လုံး တဘက်စီကိုရောက်သွားတာမဟုတ်ဘူး
10MB ကို packet တွေအဖြစ် အပိုင်းပိုင်းခွဲထုတ်ပြီးမှပို့တာပါ။ MTU (Maximum Transmission Unit) size ပေါ်မူတည်နေ
ပါတယ်။ ethernet Frame မှာ ပုံမှန်ကတော့ 1500byte ပို့ပါတယ်။ ကိုယ်ပို့ချင်တဲ့ size ကိုပြင်လို့ရပါတယ်။ ဒီအကြောင်းကို
ကျနော် ရှေ့မှာရေးခဲ့တဲ့ ပို့စ်တွေမှာပြောခဲ့ပါတယ်။ အဓိကပြောချင်တာက Route တယ်ဆိုတာ packet
လေးသွားရောက်ရမယ့် Destination network ဆီရောက်ဖို့ အကောင်းဆုံး အမြန်ဆုံး စိတ်အချရဆုံးသော
လမ်းကြောင်းတွေကို ရွေးချယ်ပေးခြင်းပဲဖြစ်ပါတယ်။ Wikipedia မှာတော့ဒီလိုပြောထားပါတယ်……။
Routing is the process of selecting a path for traffic in a network or between or across multiple networks. Broadly, routing is performed in many types of networks, including circuit-switched networks, such as the public switched telephone network, and computer networks, such as the Internet. Wikipedia
အဲလိုရွေးချယ်တဲ့နေရာမှာ static နဲ့ Dynamic ဆိုပြီး ၂မျိုးရှိပါတယ်။ static route ကတော့လူကိုယ်တိုင် manually route တာ
ဖြစ်ပြီး dynamic route ကတော့ Routing protocol တွေအသုံးပြုပြီး route တာဖြစ်ပါတယ်။ အဲ (၂) မျိုးစလုံးမှာ သူ့အပိုင်းနဲ့သူ
အားသာချက် အားနည်းချက်လေးတွေရှိပါတယ်။ ဘယ်ဟာပိုကောင်းလဲမေးရင်တော့ dynamic route ကပိုကောင်းပါတယ်။
Static route ရဲ့အားသာချက်များ
- Small network တွေအတွက် implementation လုပ်ရတာလွယ်ကူပါတယ်။
- Routing protocol တွေလိုမျိုး advertise packet တွေပိုစရာမလိုတဲ့အတွက် ပိုပြီး secure ဖြစ်စေတယ်
- Bandwidth usage ကိုလဲလျော့ကျစေပါတယ်။
- Routing algorithm တွေ update လုပ်တဲ့ process တွေ မရှိလို့ CPU, RAM တွေရဲ့ usage ကိုသက်သာစေပါတယ်။
Static route ရဲ့အားနည်းချက်များ
- Network ကြီးလာတာနဲ့အမျှ ရှုပ်ထွေးလာပါတယ်။ scalability လုပ်ဖို့မလွယ်ကူတော့ဘူး
- Large network တွေအတွက် implementation လုပ်ရတာခက်ခဲသွားပါပြီ။ နက်ဝက်ကြီးလာနဲ့အမျှ router တွေများလာပါတယ်။
- နက်ဝက်တိုးလာတာပဲဖြစ်ဖြစ် Link 1 link ဒေါင်းတာပဲဖြစ်ဖြစ် routing protocol တွေလိုမသိနိုင်ပါဘူး။ manually ပြန် route ပေးရပါမယ်။
- Large network, complex network တွေအတွက်အသုံးပြုဖို့လုံးဝမသင့်လျှော်ပါဘူး
Dynamic route ရဲ့အားသာချက်များ
- ဘယ်လို network topology ဖြစ်ဖြစ်အသုံးပြုဖို့သင့်လျှော်ပါတယ်။
- Scalability ကောင်းမွန်ပါတယ်။
- Network topology ပြောင်းသွားခဲ့လဲ ဘယ်လမ်းကြောင်းကအကောင်းဆုံးလဲဆိုတာ အလိုအလျောက်ပြန်လည်တွက်ချက်ဆုံးဖြတ်နိုင်ပါတယ်။
- ကြီးမားပြီး ရှုပ်ထွေးတဲ့ နက်ဝက်တွေမှာအသုံးပြုနိုင်ပါတယ်။
- နက်ဝက်တွေဘယ်လောက်ပဲအတိုးအလျော့ရှိရှိ လူကိုယ်တိုင်ပြန် route ပေးစရာမလိုပါဘူး။
- လူကိုယ်တိုင် route တာမဟုတ်လို့ configuration လုပ်တဲ့အခါ အမှားနည်းပါတယ်။
Dynamic route ရဲ့အားနည်းချက်များ
- route advertise လုပ်တဲ့ packet တွေ network ပေါ်မှာအပြန်အလှန်ပို့ရလို့ bandwidth usage ရှိနိုင်ပါတယ်။
- broadcast, multicast update packet တွေပို့ရလို့ static route လောက်တော့ secure မဖြစ်ပါဘူး
- Routing algorithm တွေသုံးရတဲ့အတွက် CPU,RAM usage တွေတက်ပါတယ်။
- Large and complex နက်ဝက်တွေမှာအသုံးများလို့ implementation and configuration ပိုင်းမှာရှုပ်ထွေးပါတယ်။
ဒီလောက်ဆိုရင်တော့ Routing နဲ့ပတ်သက်ပြီး intro လောက်တော့သိပြီလို့ယူဆပါတယ်။ နောက်ပိုင်းမှာ တဆင့်ချင်းထက်တင်ပေးသွားပါတယ်။
#Burmese_IT
Comments
Post a Comment