IT နယ်ပယ်မှာ computer hardware, system and networking ပိုင်းလေ့လာနေကြတဲ့ ညီအကိုမောင်နှမတွေအတွက် တစ်ဖက်တစ်လှမ်းမှ အသိပညာရစေရန်
ဒီ Blog လေးကိုပြုလုပ်ထားခြင်းဖြစ်ပါတယ်။
Cisco ရဲ့ Routing, Switching technolo¬¬gy အကြောင်းလေ့လာတော့မယ်ဆိုတော့ အရင်ဆုံး Routing အကြောင်းကို¬ လေ့လာရမှာဖြစ်တယ်။ Route တယ်ဆိုတာဘာလုပ်တာလဲဆိုတော့ ကျနော်တို့ ပို့ဆောင်မယ့် data လေးတစ်ခုပေါ့ အဲဒီ ဒေတာလေးဟာ 10MB ပဲရှိတယ်ဆိုပါစို့ send တချက်နှိပ်လိုက်တာနဲ့ 10MB လုံး တဘက်စီကိုရောက်သွားတာမဟုတ်ဘူး 10MB ကို packet တွေအဖြစ် အပိုင်းပိုင်းခွဲထုတ်ပြီးမှပို့တာပါ။ MTU (Maximum Transmission Unit) size ပေါ်မူတည်နေ ပါတယ်။ ethernet Frame မှာ ပုံမှန်ကတော့ 1500byte ပို့ပါတယ်။ ကိုယ်ပို့ချင်တဲ့ size ကိုပြင်လို့ရပါတယ်။ ဒီအကြောင်းကို ကျနော် ရှေ့မှာရေးခဲ့တဲ့ ပို့စ်တွေမှာပြောခဲ့ပါတယ်။ အဓိကပြောချင်တာက Route တယ်ဆိုတာ packet လေးသွားရောက်ရမယ့် Destination network ဆီရောက်ဖို့ အကောင်းဆုံး အမြန်ဆုံး စိတ်အချရဆုံးသော လမ်းကြောင်းတွေကို ရွေးချယ်ပေးခြင်းပဲဖြစ်ပါတယ်။ Wikipedia မှာတော့ဒီလိုပြောထားပါတယ်……။ Routing is the process of selecting a path for traffic in a network or between or across multiple networks. Broadly, routing is performed in many types of networks, including circuit-switched networks, ...
Comments
Post a Comment