application တွေဖွင့်တဲ့အခါ shortcut key လေးသုံးပြီး မြန်မြန်ဆန်ဆန်နဲ့ဖွင့်လို့ရမယ့်နည်း

application တွေဖွင့်တဲ့အခါ shortcut key လေးသုံးပြီး မြန်မြန်ဆန်ဆန်နဲ့ဖွင့်လို့ရမယ့်နည်းလေးကို share ပေးချင်ပါတယ်။ အသုံးဝင်ပါတယ်။

ဥပမာ အနေနဲ့ Brave Browser ကိုလုပ်ပြပါမယ်။

Desktop ပေါ်မှာရှိတဲ့ Brave Browser icon ပေါ်မှာ 

Right Click >  Properties > Shortcut Tab > Shortcut key  နေရာကိုသွားပါ။ ပုံမှာလဲပြထားပါတယ်။

shortcut key မှာ None လို့ပြနေလိမ့်မယ်။ အဲနေရာကိုထောက်လိုက်ပါ

ပြီးရင် keyboard က  CTRL ကိုဖိထားလိုက်ပါ။  CTRL + ALT လို့ပေါ်နေလိမ့်မယ်။ ပြီးရင် ကီးဘုတ်က ကိုယ်ကြိုက်တဲ့ key ကို နှိပ်ပြီး သတ်မှတ်နိုင်ပါတယ်။ 

ဒီနေရာမှာကျွန်တော်က CTRL + ALT + B လို့သတ်မှတ်ပေးလိုက်ပါတယ်။ ပြီးရင် Apply , Ok နှိပ်ပေးလိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ brave browser ကို CTRL + ALT + B ကိုတပြိုင်နက်နှိပ်ပြီးဖွင့်လို့ရပါပြီ။

တခြား ကိုယ်ကြိုက်တဲ့ app ကိုသတ်မှတ်ပေးလို့ရပါတယ်။

Excel ဆိုရင် CTRL + ALT + E ပေါ့
Word ဆိုရင် CTRL + ALT + W ပေါ့
Firefox ဆိုရင် CTRL + ALT + F ပေါ့

#Burmese_IT






Comments

Popular posts from this blog

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Basic Networking Part - 2

static route & dynamic route အားသားချက်အားနည်းချက်