Dual Channel Architecture အကြောင်း
ယနေ့ခေတ်မှာ CPU ရဲ့ Speed တွေ တိုးလာတာနှင့် အမျှ CPU နဲ့ အလုပ်တွဲလုပ်မယ့် Device တွေကလည်း
CPU လောက်နီးပါးမြန်ဆန်ဖို့ လိုအပ်လာပါတယ်။ Dual Channel ကို Design ထုတ်ထားခြင်း၏
အဓိကရည်ရွယ်ချက်က Memory Controller ပဲ ဖြစ်ပါတယ်။ Memory Controller က CPU နဲ့ RAM
ကြားမှာရှိတဲ့ Data စီးဆင်းမှုကို ချိန်ညှိပေးပါတယ်။ သူက Memory Module တစ်ခုစီကို ဘယ်လိုနှုန်း၊
ဘယ်လိုပုံစံနဲ့ အလုပ်လုပ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။ RAM က CPU ရဲ့ နှုန်းအတိုင်း
လိုက်ပြီးအလုပ်မလုပ်နိုင်ပါဘူး။ ရိုးရိုး Single- Channel Architecture မှာ RAM ရဲ့ အလုပ်တွေ
မပြီးသေးတဲ့အတွက် CPU က RAM ကို စောင့်နေရတာမျိုးတွေ ဖြစ်လာပါတယ်။ အဲဒီလို RAM ကို CPU က
စောင့်နေရတာကို Bottleneck ဖြစ်တယ်လို့ ပြောကြပါတယ်။ ပုလင်းလည်ပင်းက သေးတော့ ပုလင်းကြီးက
ဘယ်လောက်ပဲကြီးကြီး နည်းနည်းစီပဲ ဝင်နိုင်တာပေါ့။ CPU က ပုလင်းအကြီးကြီးနဲ့တူပြီး RAM ကတော့
ပုလင်းလည်ပင်းနဲ့ တူပါတယ်။ Dual Channel Architecture မှာ Memory ရဲ့ Bandwidth ကို
နှစ်ဆရရှိတာကြောင့် Bottleneck ဖြစ်တာကို လျော့ကျစေပါတယ်။ Memory Channel တစ်ခုတည်းနဲ့
အလုပ်လုပ်ရာက နောက်တစ်ခုထပ် တိုးလာတယ်လို့ပြောလို့ရပါတယ်။ ပုလင်းလည်ပင်းနှစ်ခု ရသွားတာပေါ့။
Channel နှစ်ခုဟာ တပြိုင်နက်တည်း အလုပ်လုပ်တာဆိုတော့ Single Channel မှာတုန်းလောက် CPU က
မစောင့်ရတော့ပါဘူး။ Dual ဆိုတော့ နှစ်ဆလို့ ဘာသာပြန်လို့ရပါတယ်။ Dual Channel Architecture ဆိုတာက
Data တွေဟာ Memory ကနေ Memory Controller ဆီကို နှစ်နေရာကနေ ပြိုင်ပြီးသွားလို့ရတာကို ဆိုလိုတာပါ။
နောက်တစ်နည်းဆိုရင်တော့ Dual Channel နည်းပညာက Memory Controller ကို လမ်းကြောင်းနှစ်ခု
ပိုင်ဆိုင်စေပါတယ်။ လမ်းကြောင်းတစ်ခုရဲ့ ပမာဏသည် 64 bits ရှိခဲ့မယ်ဆိုရင် သူ့ဆီကို တပြိုင်နက်တည်းမှာ
128 bits ပို့နိုင်မယ့် Data Path တစ်ခုရှိတယ်လို့ ပြောလို့ရပါပြီ။ Dual Channel Architecture ကို ရရှိဖို့ဆိုရင်
Motherboard ကလည်း Dual Channel ကိုလက်ခံနိုင်တဲ့ Board ဖြစ်ရပါမယ်။ Motherboard ပေါ်မှာ RAM Slot
နှစ်ခုထက်ပိုပြီးပါရှိရပါမယ်။ ဥပမာ- ကိုယ့် Motherboard မှာ Memory ပမာဏ 1 GB ထားချင်တယ်ဆိုပါတော့။
1 GB ရှိတဲ့ Memory တစ်ချောင်းပဲ စိုက်မယ်ဆိုရင်တော့ Dual Channel ကို Support လုပ်မှာ မဟုတ်ပါဘူး။
Dual Channel ကို Support လုပ်စေချင်ရင်တော့ 512 MB ရှိတဲ့ Memory နှစ်ချောင်းကို Slot
နှစ်ခုမှာပြိုင်စိုက်ရပါမယ်။ အကယ်၍ Memory Slot လေးခုရှိခဲ့မယ်ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း စိုက်ရမှာပါ။
Slot A မှာ တစ်ချောင်းစိုက်၊ Slot A1 မှာတစ်ချောင်းစိုက်၊ ဒါမှမဟုတ် Slot B မှာ တစ်ချောင်းစိုက်၊ Slot B1
မှာတစ်ချောင်းစိုက်ရပါမယ်။ ဒါဆိုရင်DualChannelနဲ့အလုပ်လုပ်နိုင်ပြီဖြစ်ပါတယ်။DualChannelကိုရှင်းလင်းစေရန်
အောက်မှာပုံနှင့် တကွ ရှင်းပြထားပါတယ်။
ကဲ အခုလောက်ဆို Dual Channel ရဲ့ သဘောတရားကို နားလည်လောက်ပါပြီ။ မိမိရဲ့ System မှာ
Performance ကောင်းကောင်းသုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောက်လတွေမှာလည်း Memory အကြောင်းကို
အလျဉ်းသင့်သလို ထည့်သွင်းရေးသား ပါဦးမယ်။
Comments
Post a Comment