Hyperthreading Technology အကြောင်းသိကောင်းစရာ
CPU ကို အလုပ်တစ်ခုထက်ပိုပြီး များစွာသော အလုပ်တွေကို တပြိုင်တည်းလုပ်ဆောင်နိုင်စေဖို့ ထုတ်လုပ်လိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။ Super-threading ကို အဆင့်မြင့်ပြီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ Hyperthreading နည်းပညာအရ Physical တွင် processor တစ်ခုသာရှိသော်လည်း Operation System က processor နှစ်ခုရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်ပါတယ်။ အဲလို ထင်ယောင်ထင်မှားဖြစ်တဲ့ virtual processor ကို အလုပ်လုပ်တဲ့အခါ မျှဝေသုံးစွဲနိုင်ပါတယ်။ Hyperthreading မတိုင်မီက Processor တွေမှာ Clock Speed ကိုသာ မြန်နိုင်သမျှမြန်အောင် ထုတ်လုပ်ကြတာပါ။ ပြီးတော့ Instruction တွေကို တစ်ပြိုင်နက်ပေးနိုင်အောင် ပြီးတော့ တပြိုင်နက်တွက်ချက်ပေးနိုင်အောင် ပြုလုပ်လာကြတယ်။ Instructions တွေကို တစ်ပြိုင်နက်တည်း တွက်ချက်နိုင်ဖို့အတွက် CPU ထဲမှာ တွက်ချက်တဲ့ Unit (Execution Unit) တွေ အများကြီးထည့်ထားရတာပေါ့။ အဲဒီလို Instruction တွေ တစ်ပြိုင်နက် အလုပ်လုပ်လို့ရတဲ့ နည်းပညာကို ILP(Instruction Level Parallism) လို့ ခေါ်ပါတယ်။ Clock Circle တစ်ခုစီတိုင်းမှာ ပုစ္ဆာအများကြီးကို ...