Bit Locker အသုံးပြုနည်း
မင်္ဂလာပါဗျ အခုရှဲပေးချင်တဲ့ အကြောင်းလေးကတော့ windows vista ကနေစတင်ပြီးတော့ built in ပါဝင်တဲ့ Encryption feature တစ်ခုဖြစ်တဲ့ BitLocker အသုံးပြုနည်းလေးဖြစ်ပါတယ်။ bitlocker ကိုအသုံးပြုထားရင် ကိုယ့်ရဲ့ HDD, Flash drive စတာတွေကို တခြားသူဝင်ရောက်အသုံးပြုလို့မရပါဘူး။ သဘောကတော့ password သိမှသာသုံးလို့ရမှာပါ။ ကိုယ်သတ်မှတ်ပေးမယ့် drive or partition မှာရှိတဲ့ data အနည်းအများပေါ်မူတည်ပြီး အချိန်ကြာပါလိမ့်မယ်။ ဘာဒေတာမှမရှိသေးဘူးဆိုရင်တော့ ခနလေးနဲ့ပြီးသွားမှာပါ။ ပုံလေးတွေတစ်ပုံချင်းကြည့်ပေးသွားပါ။ (1) အရင်ဆုံး windows key ကိုနှိပ်ပြီး bitlocker လို့ရိုက်ထည့်လိုက်ပါ manage bitlocker ပေါ်လာရင် click လိုက်ပါ။ (2) ကိုယ်သတ်မှတ်ချင်တဲ့ drive ကို Turn on Bitlocker နှိပ်ပေးပါ (3) Drive ကို unlock လုပ်မယ့် method ကိုရွေးပေးရမှာပါ။ ပထမ option ဖြစ်တဲ့ use a password to unlock the Drive ကိုပဲရွေးပေးပါ။ (4) ၂နေရာစလုံးတူညီတဲ့ password ကိုထည့်ပေးပြီး next နှိပ်ပါ (5) ကိုယ်ပေးထားတဲ့ password မေ့သွားခဲ့ရင် recovery key ထည့်ပြီးဖွင့်လို့ရပါတယ်။ recovery key ကိုသိမ်းဖို့ Save to a file ကိုရွေးပေးပြီး nex...