Posts

CPU ရဲ့အချက်အလက်တွေကို cmd ကနေစစ်ဆေးနည်း

Image
CPU ရဲ့အချက်အလက်တွေကို cmd ကနေစစ်ဆေးနည်း GUI နဲ့ စစ်တဲ့နည်းတွေကိုတော့ တော်တော်များများသိပြီးသားဖြစ်မှာပါ။ အခုပြောပြပေးချင်တာကတော့ CLI ကနေ အသေးစိတ်စစ်တဲ့နည်းလေး ဖြစ်ပါတယ်။  cmd ကိုဖွင့်ပြီး အောက်ပါ command လေးတွေကို တစ်ခုချင်းရိုက်ထည့်ပေးပါ။ 1.  wmic cpu list full ဒီ command ကတော့ CPU ရဲ့အချက်အလက်ကို detail ဖော်ပြပေးပါတယ်။ 2.   wmic cpu list full | findstr “Name” CreationClassName=Win32_Processor Name=Intel(R) Core(TM) i5-6200U CPU @ 2.30GHz SystemCreationClassName=Win32_ComputerSystem SystemName=ATH= ဒီ command ကတော့ CPU အမျိုးအစားနဲ့ နာမည်ကိုဖော်ပြပေးပါတယ်။ 3. wmic cpu list full | findstr “Manufacture” ထုတ်လုပ်တဲ့ company ကိုဖော်ပြပေးပါတယ်။ 4. wmic cpu get caption, deviceid, name, numberofcores, maxclockspeed, status ရိုက်ကြည့်လိုက်ပါ ဘာတွေပေါ်မလာလဲဆိုတာသိလိမ့်မယ်။ :D 5. wmic cpu list full | findstr “Speed” clock speed ကိုဖော်ပြပေးပါတယ် #Burmese_IT

GPT နဲ့ MBR ဘယ်ဟာပိုကောင်းလဲ

Image
GPT vs MBR ------------------ ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းလေးကတော့ GPT – GUID Partition Table နဲ့ MBR – Master Boot Record တို့နဲ့ပတ်သက်ပြီး ကွာခြားတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီ (၂)ခုဟာ Harddisk drive တွေ Solid State Drive တွေမှာ Operating System တွေ installation လုပ်ဖို့ Partition တွေ သတ်မှတ်တဲ့အခါ UEFI, Legacy စတဲ့ firmware အမျိုးအစားတွေပေါ်မူတည်ပြီး support လုပ်ခြင်း မလုပ်ခြင်းတွေရှိပါတယ်။  Harddisk types မှာ  1. Basic disk 2. Dynamic disk ဆိုပြီး (2) မျိုးရှိတယ်။ Basic disk မှာမှ  MBR (master boot record) and GPT (GUID Partition Table) partition အမျိုးအစား၂မျိုးရှိတယ်။ MBR မှာဆိုရင်ပိုင်းနိုင်တဲ့ partition အမျိုးအစားတွေက primary,extended,logical ဆိုပြီးရှိတယ်။  Primary သည်  ၄ ပိုင်းပိုင်းနိုင်တယ် ဒါပေမယ့် primary ကို ၄ပိုင်းစလုံးပိုင်းလိုက်ရင် ကျန်တဲ့ partition အမျိုးအစားတွေပိုင်းလို့မရတော့ပါဘူး Primary ကို ၃ပိုင်းပဲပိုင်းရင် extended partition မှာ logical တွေထပ်ပိုင်းလို့ရတယ်။ Harddisk ထဲမှာ OS install လုပ်တယ်ဆိုတာ အဲ OS နဲ့သက်ဆိုင်တဲ့ boot file ပါရှိပါတယ် Bo...

windows license activation စစ်ဆေးနိုင်မယ့် နည်းလမ်း (၃) ခု

Image
ပုံလေးတွေ ကြည့်ပေးသွားပါနော်

Motherboard model ကိုစစ်ဆေးနိုင်မယ့် နည်းလမ်း (၃)ခု

Image
၁။ using command prompt Cmd ကိုဖွင့်ပြီး အောက်ပါအတိုင်းရိုက်ပေးပါ။ wmic baseboard get product, manufacturer, version, serialnumber ၂။ windows key + R >> msinfo32 ၃။ using third party software (cpuz) #Burmese_IT

windows edition Build Number တွေ desktop မှာအမြဲတမ်းပေါ်နေချင်ရင်

Image
windows key + R > Type regedit >  ဒီလမ်းကြောင်းအတိုင်းသွားပါ  HKEY_CURRENT_USER\Control Panel\Desktop  ပြီးရင် ညာဘက်မှာရှိတဲ့  PaintDesktopVersion  မှာ Double-click နှိပ်ပြီး  DWORD value ကို  1 ပြောင်းပေးပါ။  PC ကို restart ချပေးပါ။ #Burmese_IT

Resolution အကြောင်းသိကောင်းစရာများ

Image
“ resolution” ဟူသောအသုံးအနှုန်းသည်ရုပ်ပုံကိုကိုယ်စားပြုသော pixels အရေအတွက်ကိုရည်ညွှန်းသည်။ pixel တစ်ခုစီသည် screen ပေါ်ရှိအစက်တစ်ခုဖြစ်သည်။  မှန်ဘီလူး မပါဘဲ pixel တစ်ခုချင်းစီကို ကျွန်တော်တို့မမြင်နိုင်ပါဘူး။  သို့သော် pixel ထောင်ပေါင်းများစွာပေါင်းစပ်ထားသောအခါ အပြည့်အဝရွေ့လျားနေသော ရုပ်ပုံကိုတွေ့နိုင်သည်။ ယနေ့ရုပ်မြင်သံကြားအများစုသည် 1080p, 2K, UHD သို့မဟုတ် 4K, 8K resolution တို့ဖြင့်လာကြသည်။  Resolution ကွာခြားချက်များ ----------------------------------- Resolution သည် Sreen ပေါ်မှာပြသပေးတဲ့ pixel အရေအတွက်ပေါ်မူတည်ပြီး ကွာခြားပါတယ် Pixel အရေအတွက်များလေလေ ရုပ်ပုံအရည်အသွေးကောင်းလေလေဖြစ်ပါတယ်။ • HD: 1280 x 720 pixels; • Full HD: 1920 x 1080 pixels; • 2K: 2048 x 1080 pixels; • 4K or Ultra HD: 3840 x 2160 pixels; • 8K: 7680 x 4320 pixels; • 10K: 10240 x 4320 pixels. Size, Vertical, Horizontal --------------------------------- Size ဆိုတာ screen ရဲ့ physical dimention ဖြစ်ပါတယ်။ resolution ကတော့ အပေါ်မှာပြောခဲ့ သလို အဲဒီ physical dimention အတွင်းမှာပြသပေးတဲ့ pixel အရေအတွက်ပမာ...

USB နဲ့ပတ်သက်သမျှ

Image
Universal Serial Bus (USB) သည် industrial standard တစ်ခုဖြစ် ပြီးကွန်ပျူတာများ၊  computer နှင့်ဆက်စပ် ပစ္စည်းများ အခြား ဆက်သွယ်ရေးနှင့်စွမ်းအင်ထောက်ပံ့မှုများ ဆက်သွယ် ရေးနှင့် protocol များအတွက်စံသတ်မှတ်ချက်များကိုသတ်မှတ် ပေးသည်။  ၁၉၉၆ ခုနှစ်တွင်ဖြန့်ချိသော USB standard ကို USB Implementers  Forum (USB-IF) ကလက်ရှိတွင်ထိန်းသိမ်းထားသည်။ Generation အားဖြင့် ယခုဆို  USB 4  ထိရှိနေပြီဖြစ်သည်။ USB 1.x, USB 2.0, USB 3.x နှင့် USB4 ။ Source from Google #Burmese_IT

Windows 10 မှာ folder sharing ကိုပိတ်နိုင်မယ့်နည်းလမ်း (၃)ခု

Image
နည်းလမ်း (၁) stop sharing a folder using file explorer ------------------------------------------------------------------------- ဒါကတော့ သမာရိုးကျနည်းလေးပါ sharing ပိတ်မယ့် folder မှာ right click > properties >  Sharing tab > Advanced sharing > share this folder ကိုအမှန်ခြစ်ဖြုတ်ပေးပါ။ နည်းလမ်း(၂) Stop Sharing a Folder Using fsmgmt.msc ----------------------------------------------------------------------- Windows key + R > fsmgmt.msc လို့ရိုက်ပါ > shares ကိုရွေးပါ > ကိုယ်ရှဲထားတဲ့ဖိုဒါပေါ်မှာ Right click > stop sharing လုပ်ပေးပါ။ နည်းလမ်း (၃) Stop Sharing a Folder Using Command Prompt --------------------------------------------------------------------------------- ဒီနည်းကတော့ advanced ကျတာပေါ့ cmd ကို admin level နဲ့ ဖွင့်ပါ။ net share လို့ရိုက်ပေးပါ ပထမ ကော်လံ share name မှာ ရှဲထားတဲ့ ဖိုဒါနာမည်တွေပေါ်နေမှာဖြစ်ပါတယ်။ ဒုတိယကော်လံ Resource က folder location ဖြစ်ပါတယ်။  Sharing stop လုပ်ဖို့ > net share share_name /delete လို့ရိုက်ပေးပါ။ Share name န...

FAT32, exFAT, and NTFS file system တို့၏ကွာခြားချက်များ

Image
အားလုံးမင်္ဂလာပါ  Article တွေမရေးတာကြာပြီဆိုတော့ ဒီနေ့အားလုံးဖတ်လို့ အကျိုးရှိစေမယ့် အကြောင်းလေးတင်ပေးလိုက်ပါတယ်။ like & share  လေးလုပ်ပေးသွားကြပါဉီးဗျ File system ဆိုတာ  drive တစ်ခုမှာ ဒေတာတွေဘယ်လိုသိမ်းဆည်းမလဲ သိမ်းဆည်းထားသည့် အချက်အလက် နှင့် ဖိုင်များ၊ ဖိုင်အမည်များ၊ ခွင့်ပြုချက်များနှင့်အခြား attribute များနှင့်မည်သည့်အချက်အလက် အမျိုးအစားများပူးတွဲနိုင်သည်ကို သတ်မှတ်ပေးတဲ့အရာဖြစ်ပါတယ်။ windows OS မှာ အထောက်အပံ့ပေးတဲ့ file system (3) ခုက NTFS, FAT32 နဲ့ exFAT ဖြစ်တယ်။ NTFS သည် ယနေ့ခေတ်မှာအသုံးများဆုံး file system ဖြစ်ပါတယ်။ windows ဟာသူရဲ့ system Drive နဲ့ non-removable drive တွေအတွက် NTFS ကို default အနေနဲ့သုံးပါတယ်။ FAT32 သည် file system အဟောင်းတစ်ခုဖြစ်ပါတယ်။ NTFS လိုမျိုးကြီးမားတဲ့အထောက်အပံ့တွေတော့မရှိပါဘူး သူ့ရဲ့ကောင်းတဲ့အချက်က အခြား operating system များ(MAC, Linux)နဲ့ အဆင် ပြေစွာအသုံးပြုနိုင်ခြင်းဖြစ်တယ်။ exFAT သည်ခေတ်သစ် FAT32 အတွက်အစားထိုးခြင်းဖြစ်ပြီး၎င်းကို NTFS ထက်ပိုမိုသော device များ နှင့် operating system များက ထောက်ပံ့ပေးပါတယ်။ သို့သော် FAT32 လောက်တ...

HDD လား SSD လား သိအောင်လုပ်မယ်

Image
မင်္ဂလာပါ ဒီနေ့ ရှဲပေးချင်တာလေးက မိမိကွန်ပျူတာမှာ အသုံးပြုနေတဲ့ storage drive type က ဘာအမျိုးအစားလဲဆိုတာသိအောင်လုပ်တဲ့နည်းလေးဖြစ်ပါတယ် အရင်တုန်းကတော့ Harddisk drive တွေအသုံးများပါတယ် အခုချိန်မှာတော့ Solid State Drive တွေအသုံးများပါလာပြီ ssd vs hdd ကွာခြားချက်ကိုမသိသေးရင်  ဒီလင့်မှာဖတ်လို့ရပါတယ် 👇👇 HDD vs SSD https://www.facebook.com/infoandtech/posts/1361042847428519?  အဲတော့ computer အသစ်ဝယ်တာပဲဖြစ်ဖြစ် used ဝယ်ရင်ပဲဖြစ်ဖြစ် ကိုယ်ဝယ်မယ့် ကွန်ပျူတာမှာပါတဲ့ storage type က ဘာအမျိုးအစားလဲသိဖို့လိုလာပါပြီ  ပထမနည်းလမ်းက  windows key + R >>  dfrugi လို့ရိုက်ပါ media type column မှာ SSD လား HDD လားဆိုတာဖော်ပြထားပါတယ် ဒုတိယနည်းလမ်းက windows power shell ကိုဖွင့်ပါ  ပြီးရင်အောက်ကစာလေးရိုက်ပေးပါ။ Get-PhysicalDisk သူလဲပဲ media type column မှာ SSD လား HDD လားဖော်ပြပေးပါတယ် အဆင်ပြေပါစေ #Burmese_IT