Posts

Showing posts from September, 2019

How to reduce CPU usage in GNS 3

Image
ယနေ့အချိန်မှာ physical demand တွေအရမ်းများလာပြီ network lab တွေစမ်းရတာသိပ်တော့မလွယ်ဘူး GNS3 မှာ router လေး (၇)လုံးလောက် run တာနဲ့ စက်က လေဖြတ်ချင်သလိုဖြစ်လာပြီ VM တွေပါလာရင်ပြောမနေနဲ့တော့ ဒါတောင် 6th Gen Core i5, RAM 8 GB 2133MHz, SSD နဲ့ ပုံမှန်အတိုင်းသုံးမယ်ဆိုရင် GNS3 က CPU usage အရမ်းတက်ပါတယ်။ ဒုတိယပုံမှာကြည့်လိုက်မယ်ဆိုရင် ရှိရှိသမျှ CPU တွေသည် 100% ဖြစ်နေတာတွေ့ရလိမ့်မယ်။ အရမ်းမတက်အောင်ဖြေရှင်းနည်းကတော့ အောက်က video link လေးမှာဝင်ကြည့်လိုက်ပါ။

ယူနီကုဒ်သုံးကြစို့

ယူနီကုဒ်လို့ပြောလိုက်ရင် ယူနီကုဒ်ဆိုတဲ့နံမည်စိမ်းစိမ်းကြီးကို ဘာမှန်းမသိပဲ ဘာလို့သုံးခိုင်းနေတာလဲ၊ တို့ဘာသာတို့ အခုလည်း အင်တာနက်ပေါ်မှာ စာရိုက်လို့ရတယ် ဖတ်လို့ရတယ်လေ၊ အလကားအလုပ်ရှုပ်လို့ကွာလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်၊ ယူနီကုဒ်အကြောင်းမပြောခင်မှာ စကားဦးအနေနဲ့ ဒစ်ဂျစ်တယ်မြန်မာစာအကြောင်း အရင်ပြောပါရစေ။ ပုံနှိပ်လုပ်ငန်းများမှာ ခဲစာလုံးနဲ့ ပုံနှိပ်တဲ့ခေတ်ကနေ ကွန်ပျူတာနဲ့ စာစီစာရိုက် ပုံနှိပ်ခြင်းကို ဒစ်ဂျစ်တယ် မြန်မာစာ ခေတ်ဦးလို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာဆိုတာကြီးက ဘာသာစကားတွေကိုမသိပါဘူး။ သူ့အနေနဲ့ အက္ခရာစာလုံးတစ်လုံးကို နံပါတ်တစ်ခု အဖြစ်သတ်မှတ်ပြီး သိမ်းတယ် ပြန်ထုတ်ပေးပါတယ်။ အဲဒီအချိန်ကာလက ကွန်ပျူတာများရဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ်များရှိတဲ့အတွက် မြန်မာစာလုံးများကို အင်္ဂလိပ်အက္ခရာများနဲ့ ညီမျှတဲ့ နံပါတ်များနဲ့ သိမ်းဆည်းခဲ့ကြရပါတယ်။ အဲဒီနည်းနဲ့ ကွန်ပျူတာမှာ ရေးသားနိုင်တဲ့ မြန်မာဖောင့်များကို အက်စ်ကီးဖောင့်( ASCII Font) လို့ခေါ်ကြပြီး မြစေတီ၊ ရွှေ၊ ဝင်းမြန်မာ စသဖြင့် ဖောင့်မျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။ လက်နှိပ်စက်အစား ကွန်ပျူတာ စာစီစာရိုက်စနစ် ဖွံ့ဖြိုးလာပြီး ခဲစာလုံးပုံနှိပ်စနစ်ကို အစ...

CPU Socket

Image
CPU Socket ဆိုတာဟာ Electrical Component ဖြစ်ပြီး ၎င်းအား Printed Circuit Board (PCB) နှင့်တွဲဖက်ထားပါတယ်။ ၎င်းဟာ CPU ထည့်သွင်းအသုံးပြုသည့်နေရာဖြစ်ပြီး Socket တစ်ခုနှင့်တစ်ခု Pin အရေအတွက်ကွာခြားကြပါတယ်။ CPU Socket တစ်ခုဟာ Function ပေါင်းများစွာကို လုပ်ဆောင်နိုင်ပြီး အသုံးပြုနိုင်သော CPUအမျိုးအစား၊ Heatsink များအပြင် PCB နှင့် CPU ကို အဓိကချိတ်ဆက်ပေးပါတယ်။ ထို CPU Socket များအား Desktopနှင့် ဆာဗာကွန်ပျူတာများအတွင်း အလွယ်တကူ တွေ့မြင်နိုင်ပေမယ့် Laptop များမှာတော့ Motherboardပေါ်တွင် CPUကိုထည့်သွင်းထားပါတယ်။ Interface Types CPU Socket များ၏ ပုံသဏ္ဍန်မှာ CPU အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ CPU အများစုဟာ Pin Grid Array(PGA)ကို အခြေခံ တည်ဆောက်ထားကြပြီး Processor အောက်ခြေ၌ Pin များနှင့် တွဲဖက်နိုင်ရန် ပုံဖော်တည်ဆောက်ထားကြပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ Land Grid Array (LGA) Package အသစ်ပေါ်ထွက်လာပြီး PGA Architecture ထက်ပိုမိုအောင်မြင်လာကာ နောက်ဆုံးပေါ် CPU များနှင့် တွဲဖက်အသုံးပြုနိုင်ပါတယ်။ ထို LGA Socket အတွင်း သေးငယ်သော Pin များထည့်သွင်းထားပါတယ်။ LGA...

Bus Computing အကြောင်းသိကောင်းစရာ

Image
ကွန်ပျူတာတစ်လုံးလုပ်ဆောင်မှုအပိုင်း၌ Bus ဆိုတာဟာ Subsystem (system အခွဲ) ဖြစ်ပြီး ကွန်ပျူတာအတွင်းရှိအစိတ်အပိုင်းများအကြား Data များပို့ဆောင်ပေးနိုင်သော လမ်းကြောင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။တစ်ခါတစ်ရံကွန်ပျူတာနှစ်လုံးကြား ဆက်သွယ်မှုအပိုင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ အစောပိုင်းကာလကွန်ပျူတာ Bus များဟာ Parallel Electrical Bus အမျိုးအစားဖြစ်ပြီး ၎င်းဟာ Connection များစွာဖြင့်ချိတ်ဆက်ထားပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ Bus တည်ဆောက်ပုံကို ပြင်ဆင်ခဲ့ပြီး ကွန်ပျူတာအတွင်းရှိ Busများဟာ Parallel အနေဖြင့်ရော Bit-Serial Connection အနေဖြင့် အသုံးပြုလာနိုင်ပါတယ်။Bus တွေဟာ Data တွေကို ပို့ဆောင်ပေးသော အစိတ်အပိုင်းများဖြစ်ကြပြီး အဓိကအားဖြင့် Processor နှင့်အခြားComponent များအကြား Bus မှတစ်ဆင့် Data များ ပို့ဆောင်ပေးပါတယ်။ Bus များဟာ Motherboard ပေါ်ရှိ (ElectricalPathway) တွေဖြစ်ကြပြီး ၎င်းအစုအဝေးများကို Trace ဟုလည်း ခေါ်ဆိုနိုင်ပါတယ်။ Bus များဟာ Parallel အနေဖြင့် Dataများကို သယ်ဆောင်ပေးနိုင်သလို Serial အနေဖြင့်လည်း Data များအား Bit-Serial ပုံစံဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ထ...

HTTP vs HTTPS

ကျွန်တော်ကိုယ်တိုင်ရေးထားပြီး PDF version အနေနဲ့အခမဲ့ ဖြန့်ဝေပေးထားတဲ့ HTTP vs HTTPS  http နဲ့ https နဲ့ဘာကွာလဲ၊ ဘယ်လိုတွေအလုပ်လုပ်လဲသိချင်ရင် download ဆွဲ ဖတ်ကြည့်ပါဦးး https://www.mediafire.com/file/op9379eotaatp74/HTTP_Vs_HTTPS_by_Fabian_Thi.pdf/file

Networking Essential

ဦးဇော်လင်းရေးထားတဲ့ networking essential e-book လေးဖြစ်ပါတယ်။ https://www.mediafire.com/file/tu1gu79veghu56v/U_Zaw_Lin_Youth_%2528_Networking_Essential%2529.pdf/file  

IPv4 addressing, subnetting

ကျွန်တော်သိသလောက်ရေးထားတာလေး ဖတ်ပြီးဝေဖန်ပေးကြပါဉီး IP နဲ့ပတ်သက်ပြီး သင်တန်းတက်စရာမလိုအောင် အခြေခံရသွားမယ်လို့ ယုံကြည်ပါတယ်။ IPv4 addressing, Classless addressing, Subnetting  https://www.mediafire.com/file/s63vf493238hwsd/TCP_IP_Addressing.pdf/file https://www.mediafire.com/file/tdp5ev5zpdfwlty/Classless_IP_addressing_by_Fabian_Thi.pdf/file http://www.mediafire.com/file/dg3bv8chy8dbgw6/subnetting_by_Fabian_Thi.pdf/file 

OSI - 7 layers (PDF version)

OSI - 7 layers အကြောင်းလေးဖတ်ကြည့်ပါဦး...။ တစ်ခုခုရမယ်လို့  မျှော်လင့်ပါတယ်။ https://www.mediafire.com/file/riv0r7svyzq56q7/OSI_7_Layers_by_Fabian_Thi.pdf/file

Basic Networking Part 1 - 6 (PDF version)

ကျွန်တော်ရေးထားတဲ့ Basic Networking Part 1-6 အကြောင်းကို PDF file နဲ့တင်ပေးလိုက်ပါတယ်။   ဖတ်ကြည့်ပေးပါဦး  https://www.mediafire.com/file/csdnp2jidavg3tm/Basic_Networking_Part_1_-_6_By_Fabian_Thi.pdf/file

Road to CCNA

Cisco ဆိုတာဘာလဲ CCNA ဆိုတာဘာလဲ သိချင်တဲ့ ဘော်ဘော်တွေအတွက် ဆရာဦးဇော်လင်းရဲ့ Road to CCNA စာအုပ်ကို RAR file လေးနဲ့တင်ပေးလိုက်ပါတယ်။ စာတွေ့လက်တွေ့အကုန်ပါပါတယ်။ အရမ်းကောင်းပါတယ်။ အာက်ကလင့်မှာ ဒေါင်းကြပါ။ like and sharing လေးလဲလုပ်ပေးသွားပါဦးး http://www.mediafire.com/f…/dhdtad8szydqauc/Road+to+CCNA.rar

Basic Networking Part - 6

Image
Cable Types ----------------- Star topology မှာသုံးတဲ့ cable တွေကတော့ UTP,STP,Fiber Optic cable တွေပဲဖြစ်ပါတယ်။ အကြောင်းအရာတွေကတစ်ခုခုနဲ့တစ်ခုဆက်စပ်နေတာဗျ။ ကိုရီးယားဇာတ်လမ်းလိုပဲ။ အပေါ်က part တွေမှာပြောခဲ့တဲ့အတိုင်း Bus topology မှာတုန်းက coaxial cable ကိုသုံးခဲ့ကြတယ်။ coaxial မှာ 10base 2 and 10base 5 ဆိုပြီး version 2 မျိုးရှိခဲ့တယ်။ သူတို့ဟာ original ethernet Standard တွေဗျ။ bandwidth တွေကလဲအရမ်းနည်းကြတယ်။ 10Mbps တွေပဲရှိတယ်လေ။ အခုပြောမယ့် UTP cable လဲထပ်ပေါ်လာရော သူ့အတွက် version တစ်ခုထွက်လာပါတယ်။ 10baseT တဲ့ 10 သည် 10 Megabit per second, တစ်စက္ကန့်မှာ bit အရေအတွက် 10 သန်းကိုပို့ဆောင်ပေးနိုင်တယ် , base သည် baseband communication, T ကြတော့ twisted ဆိုပြီးဖြစ်သွားပါလေရော။ coaxial တုန်းက 2 တို့ 5 တို့ဆိုတာ node တစ်ခုနဲ့တစ်ခုကြားချိတ်ဆက်လို့ရတဲ့ အကွာအဝေးဖြစ်တဲ့ 200m,500m ကိုပြောတာ။ ဘာလို့ twisted လို့ခေါ်တာလဲဆိုရင် star topology မှာသုံးတဲ့ cable UTP - Unshielded Twisted Pair ဆိုတဲ့ cable ကိုသုံးလိုက်လို့ အဲ cable မှာ copper wire ၂ချောင်းစီဟာ တစ်ချောင်းကိုတစ်ချောင်...

server

Image
ဒီနေ့ရှဲပေးမှာကတော့ ဆရာဦးဇော်လင်းပဲရေးတဲ့ Guide to Windows Server 2008 စာအုပ်လေးပဲဖြစ်ပါတယ်။ ရှဲရင်းစာလေးလဲနည်းနည်းရေးပါဦးမယ် (ရေးပဲရေးနိုင်လွန်း)  :D windows server 2008 ဟာ version အဟောင်းဖြစ်ပေမယ့် အသစ်တွေနဲ့ အခြေခံသဘောတရားသည်အတူတူပဲဖြစ်တယ်။ windows 7 ကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရင် windows 10 ကိုသုံးတတ်ရမယ်။ Office 2003 ကိုသေချာသုံးတတ်ရင် 2013 ကိုသုံးတတ်ရမယ်။ windows server os တွေလဲဒီတိုင်းပဲဖြစ်တယ်။ နည်းနည်းလေးတွေပဲကွာကြတာ။ အရင်က server os တွေနဲ့မရင်းနှီးဘူးဆိုရင် အခုစာအုပ်ကိုသေချာဖတ်ပါ။ ကျနော် server edition တွေအကြောင်းကို အသေးစိတ်မပြောတော့ပါဘူး စာအုပ်ထဲမှာအကုန်ပါပါတယ်။ တကယ်တမ်းက ရိုးရိုး OS တောင် license နဲ့ဝယ်သုံးရင် ဈေးကြီးပါတယ်။ အခုချိန်ဒေါ်လာဈေးနဲ့ဆို windows 10 pro edition os တစ်ခုကို ၄ သိန်းကျော်လောက်ပေးရပါလိမ့်မယ်။ အဲဒါ per user အတွက်နော် စက်တစ်လုံးစာအတွက်ပဲသုံးလို့ရမှာ။ တကယ်တမ်းတရားဝင်ဝယ်သုံးမယ်ဆိုရင်ပြောတာပါ။ ကျနော်တို့နိုင်ငံမှာသာ သိတဲ့အတိုင်း crack တွေနဲ့သုံးနေကြတာ။ crack ဆိုတာ ခိုးသုံးတယ်ပေါ့ဗျာ။ တရားဝင်သုံးတာမဟုတ်တာမှန်သမှ...